Connect with us

Europe

လန်ဒန်စီးပွားရေး ပညာသင်ကျောင်း (LSE) ၌ ဧည့်ပါမောက္ခ လုပ်မည့် မင်းသမီး ဂျိုလီ

ဘောစနီးယားနိုင်ငံ ဆာရာဂျေဗိုမြို့တွင်ပြုလုပ်သည့် စစ်ပွဲများအတွင်း အမျိုးသမီးများ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံတကာညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာ ဂျိုလီသည် အင်္ဂလန်နိုင်ငံရှိ လန်ဒန်စီးပွားရေး ပညာသင်ကျောင်း( London School Economics ) ၌ အမျိုးသမီးများအပေါ် စစ်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် သက်ဆိုင်သော မဟာတန်း သင်ခန်းစာ (သစ်) ကို ဧည့်ပါမောက္ခအဖြစ် တာဝန်ယူ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ဂျိုလီသည် ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး (ဟောင်း) ဝီလီယံဟိတ် (William Hague) က ကထိက တစ်ဦး အဖြစ် တာဝန်ယူထားသည့် တက္ကသိုလ်၏ အမျိုးသမီးဘဝ လုံခြုံရေး နှင့် ငြိမ်းချမ်းရေးဌာနနှင့် လက်တွဲ၍ သင်ကြားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း LSE ကျောင်းက ပြောကြားသည်။
“အခြားတက္ကသိုလ်တွေရဲ့ သင်ကြားရေး အပိုင်းမှာလည်း ဒီလို နမူနာကောင်းကို ယူကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုဘယ်လို ကာကွယ်ကြမလဲဆိုတာ မဖြစ်မနေ ဆွေးနွေးကြဖို့လိုအပ်ပါတယ်။ ပြီးတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေပေါ် လိင်ပိုင်းဆိုင်ရာ အကြိမ်းဖက်မှု ကျူးလွန်ပြီး အပြစ်ပေးမခံရဘဲ ကင်းလွတ်ခွင့် ရနေတဲ့ ရာဇဝတ်မှုတွေဟာ အမျိုးသမီးထုအပေါ် တရားဥပဒေအရ မညီမျှတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် LSE အဆိုအရ ၂ဝ၁၆ ခုနှစ် ဆောင်းရာသီတန်းခွဲအတွက် ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ၊ သင်တန်းကာလမှ တစ်နှစ်ကြာမြင့်မည် ဖြစ်ပြီး အမျိုးသမီးများ အတွက် လူ့အခွင့်အရေး ၊ လိင်(ကျား/မ) ခွဲခြား ဆက်ဆံမှု ၊ လိင် နှင့် စစ်ပွဲဝါဒ ၊ လုံခြုံရေး နှင့် ငြိမ်ချမ်းရေးဆိုင်ရာ ဘာသာရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မင်းသမီးဂျိုလီက “ကုလသမဂ္ဂအဖွဲ့ကြီး နဲ့အစိုးရအဖွဲ့တွေနဲ့လက်တွဲပြီး လုပ်ကိုင်ခဲ့တဲ့ ကျမရဲ့အတွေ့အကြုံတွေကို ဝေမျှရင်း ကျောင်းသားတွေဆီက လေ့လာစရာ ၊ သင်ယူစရာတွေ အများကြီး ရလိမ့်မယ်လို့မျှော်လင့်ပါတယ် ” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.