Connect with us

Europe

ဘယ်လ်ဂျီယံတွင် အမျိုးသား ဆန္ဒပြပွဲပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရ

ဘယ်လ်ဂျီယံတွင် ဆန္ဒပြသူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘရပ်ဆဲလ်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံတွင် မေလ ၂၄ ရက်က အစိုးရ၏ မူဝါဒအား ကန့်ကွက် ဆန္ဒပြပွဲပြီးနောက် ဖြစ်ပွားခဲ့သည့် ဆူပူမှု၌ လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဆူပူမှုသည် ဘရပ်ဆဲမြို့ရှိ Gare du Midi ရထားဘူတာရုံ ဝန်းကျင်၌ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက ရေပိုက်များ အသုံးပြုကာ ဆန္ဒပြသူများအား နှိမ်နင်းသည့် ရဲများအား လက်နက်များဖြင့် ပစ်ပေါက်ခဲ့သည်။
ဆန္ဒပြ ပြည်သူ ၁၆ ဦးနှင့် ရဲ သုံးဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာ က သတင်းဖော်ပြထားသည်။
ဘယ်လ်ဂျီယံ မီဒီယာ အဆိုအရ ဒဏ်ရာရရှိသူများတွင် ဘယ်လ်ဂျီယံ ရဲမင်းကြီး Pierre Vandermissen လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူ ၂၃ ဦး အဖမ်းခံခဲ့ရကြောင်းနှင့် ၎င်းတို့မှာ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ မဟုတ်ကြောင်း ရဲများက ဆိုသည်။
ရဲများ၏ တရားဝင် စာရင်းများအရ ဆန္ဒပြသူ ၆၀,၀၀၀ နီးပါးသည် မေလ ၂၄ ရက်က ဘရပ်ဆဲလ်မြို့၌ စုဝေး ရောက်ရှိလာကြပြီး ဘယ်လ်ဂျီယံ ပြည်ထောင်စု အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်အား ဆန့်ကျင်သည့် အမျိုးသား ဆန္ဒပြပွဲ တစ်ရပ်အား ပြုလုပ်ခဲ့သည်။
အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်အရ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများ၌ ဘတ်ဂျက်အား ဖြတ်တောက်ခြင်း၊ တစ်ပတ်လျှင် အလုပ်ချိန် ၃၈ နာရီအစား ၄၅ နာရီသို့ တိုးမြှင့်လိုက်သည့် “Peeters Law” အား ကြေညာလိုက်ခြင်း စသည့်အချက်များသည် ဆန္ဒပြခြင်း ဖြစ်စေသည့် အဓိက အချက်များ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.