Connect with us

Europe

မက္ကဆီကို စီးတီး တိရစ္ဆာန်ရုံက နာမည်ကျော် မျောက်ဝံ မိတ်ဖက်သစ်နှင့် မတွေ့ဆုံမီ သေဆုံးသွား

ကျောကုန်း၌ ငွေရောင်ရှိသော နာမည်ကျော် မျောက်ဝံ ဘန်တူအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မက္ကဆီကို တိရစ္ဆာန် ဥယျာဉ်ရှိ ကျောကုန်း၌ ငွေရောင်ရှိသော နာမည်ကျော် ဂေါ်ရီလာ တစ်ကောင်သည် ဇူလိုင်လ ၆ ရက် ညပိုင်း၌ ၎င်းအတွက် အဖော်သစ်နှင့် မတွေ့ဆုံမီ နာရီ အနည်းငယ်အလို၌ ရုတ်တရက် သေဆုံး သွားခဲ့ကြောင်း ယင်းမြို့၏ တာဝန်ရှိသူများက ဇူလိုင်လ ၇ ရက်က ပြောကြားခဲ့သည်။

ဘန်တူ အမည်ရှိ မျောက်ဝံသည် မက္ကဆီကို နိုင်ငံအတွင်းရှိ ကျောကုန်း၌ ငွေရောင်ရှိသော ဂေါ်ရီလာ လေးကောင်အနက် တစ်ကောင်တည်းသော အထီးဖြစ်သည်။
ဇူလိုင်လ ၆ ရက်က ၎င်းအား လိုက်ဖက်သည့် အတွဲ ရရှိရန် မျှော်လင့်ချက်ဖြင့် တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ကျောကုန်း၌ ငွေရောင်ရှိသော မျောက်ဝံ အမ နှစ်ကောင်အနက် တစ်ကောင်နှင့် တွဲဖက်ပေးရန် မျှော်လင့်ချက်ဖြင့် နိုင်ငံအနောက်ပိုင်းရှိ Guadalajara မြို့သို့ ပို့ဆောင်ခဲ့သည်။
သို့သော်လည်း ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ဘန်တူသည် ဒေသစံတော်ချိန် ည ၉း၃၀ နာရီအချိန်တွင် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းအား အသက်ရှင်နိုင်ရန် တိရစ္ဆာန်ရုံ နှစ်ခုလုံးမှ ကျွမ်းကျင်သူ ၂၀ ဦးနီးပါးက နာရီဝက်ကျော်ကြာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ သေဆုံးခဲ့ကြောင်း မက္ကဆီကို စီးတီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အထွေထွေ အတွင်း ရေးမှူးရုံး၏ တိရစ္ဆာန်ရုံနှင့် တောရိုင်း ဋ္ဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ဘန်တူအား လွှဲပြောင်းရန် ပြင်ဆင်ရာတွင် အမေရိကန် အခြေစိုက် တိရစ္ဆာန်ရုံများနှင့် ငါးပြတိုက်များ အသင်းမှ တည်ထောင်ထားသည့် အပြည်ပြည်ဆိုင်ရာ ပရိုတိုကောများအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောခဲ့သည်။
အဆိုပါ နာမည်ကျော် မျောက်ဝံ ဘန်တူသည် စက်တင်ဘာလ ၂၀ ရက်တွင် အသက် ၂၅ နှစ်ပြည့်မည် ဖြစ်ကြောင်း မက္ကဆီကို စီးတီးရှိ Chapultepec တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ပြောသည်။
မျောက်ဝံများသည် ပျမ်းမျှအားဖြင့် အသက် ၄၀ နှစ်မှ ၄၅ နှစ်အထိ နေထိုင်လေ့ရှိပြီး အချို့မှာ ထို့ထက်ပို၍ အသက်ရှည်ကြကြောင်း သိရသည်။
ဘန်တူကဲ့သို့ မျောက်ဝံမျိုးများမှာ အဖော်မရှိဘဲ ရှစ်နှစ်ကြာ တစ်ကောင်တည်း နေထိုင်ပြီးချိန်တွင် ၎င်းအတွက် မျိုးပွားရန် အသစ်တစ်ဖန် အားထုတ်ရသကဲ့သို့ ဖြစ်နေလိမ့်မည် ဖြစ်ကြောင်း El Universal နေ့စဉ် သတင်းစာ၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.