Connect with us

Europe

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် ရုရှားမျှော်လင့်

မြန်မာနိုင်ငံ နေပြည်တော်ရှိ လွှတ်တော်အဝင်လမ်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် ရုရှားနိုင်ငံက မျှော်လင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

” နိုင်ငံ၏ စဉ်ဆက်မပြတ် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ကာ လက်ရှိဥပဒေဘောင်အတွင်း အခြေအနေအရပ်ရပ်အား ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် အခြေအနေကို ဆက်လက်၍ အနီးကပ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တပ်မတော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် အရေပေါ်အခြေအနေ တစ်နှစ်ထုတ်ပြန်ကြေညာခဲ့သည်။

NLD ပါတီက လွှတ်တော်နှစ်ရပ်စလုံးတွင် နေရာအများစု အနိုင်ရရှိခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် မဲစာရင်းလွဲမှားမှုများစွာရှိနေသည်ကို ဖြေရှင်းပေးရန်အတွက် တောင်းဆိုမှုနှင့်အတူ တပ်မတော်က လွှတ်တော်သစ် အစည်းအဝေးကျင်းပမည့်အစီအစဉ်များကို ရွှေ့ဆိုင်းထားရန် တောင်းဆိုခဲ့သည်။အဆိုပါစွပ်စွဲချက်ကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်(UEC) က ပြီးခဲ့သော ရက်သတ္တပတ်တွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။(Xinhua)

————————————————–
(English Version)

Russia hopes for peaceful settlement in Myanmar

MOSCOW, Feb. 1 (Xinhua) — Russia hopes for a peaceful settlement of the political crisis in Myanmar, the Russian Foreign Ministry said Monday in a statement.
“We hope for a peaceful settlement of the situation in accordance with the current legislation through the resumption of political dialogue and the preservation of sustainable socio-economic development of the country,” the ministry said.

Russia will continue to closely monitor the situation, according to the statement.
A state of emergency for one year was declared on Monday in Myanmar after the military detained political leaders including State Counsellor Aung San Suu Kyi and President U Win Myint.

The military had demanded the postponement of new parliamentary sessions, alleging there was massive voting fraud in the November 2020 general elections, in which the National League for Democracy won the majority of seats in both houses of parliament.
Myanmar’s Union Election Commission last week dismissed the allegation. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.