Connect with us

International Organizations

ဂျာမဏီ စသည့် နိုင်ငံ ၅ နိုင်ငံ တို့မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရွေးချယ် ခံရ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အစည်းအဝေး အား ဇွန်လ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဂျာမဏီ ၊ ဒိုမီနီကန် ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ နှင့် အင်ဒိုနီးရှား နိုင်ငံ ၅ နိုင်ငံ တို့အား ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် တို့၏ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရွေးချယ် ခဲ့သည်။

ဇွန်လ ၈ ရက်နေ့ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အစည်းအဝေး တွင် အဖွဲ့ဝင် ၁၉၀ နိုင်ငံ တို့မှ ပါဝင် မဲပေးခဲ့ပြီး ဂျာမဏီ နှင့် ဒိုမီနီကန် နိုင်ငံ တို့က ၁၈၄ မဲ ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ နှင့် အင်ဒိုနီးရှား နိုင်ငံ တို့က ၁၈၃ မဲ ၊ ၁၈၁ မဲ နှင့် ၁၄၄ မဲ အသီးသီး တို့ဖြင့် လုံခြုံရေး ကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ အား ကုလသမဂ္ဂ အစည်းအဝေး တွင် လျှို့ဝှက် မဲဆန္ဒ ပေးခြင်းဖြင့် ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ပြီး မဲပေးသူ စုစုပေါင်း ၏ သုံးပုံနှစ်ပုံ အထက် မဲပေးခြင်း ခံရ မှ သာ ရွေးချယ်ခြင်း ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ရှိပြီး တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံ တို့မှ အမြဲတန်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြပြီး ကျန် အဖွဲ့ဝင် ၁၀ နိုင်ငံ မှာ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ များ ဖြစ်ကြသည်။ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ များက လုံခြုံရေး ကောင်စီ တွင် ၂ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် မဲပေးရွေးချယ်ခြင်းဖြင့် အဖွဲ့ဝင် ၅ နိုင်ငံ အား ပြောင်းလဲမှု ဆောင်ရွက်ခြင်းဖြစ်ကာ ဆက်တိုက် ပါဝင်ရွေးချယ်ခြင်း နှင့် တာဝန်ထမ်းဆောင်ခြင်း ပြုလုပ်၍ မရကြောင်း ၊ အလှည့်ကျ အဖွဲ့ဝင် ၁၀ နိုင်ငံ အား ဒေသအလိုက် သတ်မှတ်ခြင်းဖြစ်ပြီး အာဖရိကတိုက် ဒေသ အတွက် ၃ နေရာ ၊ အာရှ-ပစိဖိတ် ဒေသ အတွက် ၂ နေရာ ၊ လက်တင်အမေရိက နှင့် ကာရစ်ဘီယံ ဒေသ အတွက် ၂ နေရာ ၊ အနောက် ဥရောပ နှင့် အခြားဒေသ အတွက် ၂ နေရာ နှင့် အရှေ့ ဥရောပ ဒေသ အတွက် ၁ နေရာ သတ်မှတ် ထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.