Connect with us

International Organizations

မကြုံစဖူး အောင်မြင်မှုအဖြစ် ငါးကြိမ်မြောက် ရွှေဘောလုံးဆု အာဂျင်တီးနား ဘောလုံး ကြယ်ပွင့် လီယိုနယ် မက်ဆီ ရရှိ

ရွှေဘောလုံးဆုရှင် အာဂျင်တီးနား ဘောလုံး ကြယ်ပွင့် လီယိုနယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ဇူးရစ်ရှ်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ဘောလုံး ကြယ်ပွင့် လီယိုနယ် မက်ဆီသည် ဖီဖာ၏ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ငါးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၁၁ ရက်က ရရှိခဲ့သည်။

နှစ်ပတ်လည် ဖီဖာ Ballon d’Or ပွဲအား ဇူးရစ်ရှ်မြို့၌ ကျင်းပခဲ့ရာ သန်းပေါင်းများစွာသော ဘောလုံး ချစ်သူများ နှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာ မီဒီယာများ ကိုယ်စား မီဒီယာ ကိုယ်စားလှယ်များ နှင့် နိုင်ငံအလိုက် လက်ရွေးစင် အသင်းများ ကိုယ်စား နည်းပြများ နှင့် အသင်းခေါင်းဆောင်က ဆုရရှိသူများအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ယင်းသို့ ရွေးချယ်ရာတွင် မက်ဆီက မဲအားလုံး၏ ၄၁ ရာခိုင်နှုန်း၊ ပေါ်တူဂီ ကစားသမား ခရစ္စတီယာနို ရော်နယ် ဒိုက ၂၇.၇၆ ရာခိုင်နှုန်းနှင့် ဘရာဇီးက Neymar က ၇.၈၆ ရာခိုင်နှုန်း အသီးသီးရရှိခဲ့သည်။

အသက် ၂၈ နှစ်အရွယ် မက်ဆီသည် ယခုနှစ်အတွင်း ပွဲစဉ်အားလုံးမှာ သွင်းဂိုး ၄၈ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘာစီ လိုနာ ဘောလုံး အသင်း ကျောနံပါတ် ၁၀ မက်ဆီသည် ၂၀၁၅ ခုနှစ်အတွင်း လာလီဂါ၊ Copa del Rey, UEFA Champions League, UEFA Super Cup နှင့် FIFA Club World Cup စသည့်ဆု စာရင်းများ၌လည်း လွှမ်းမိုးမှု ရှိနေသူ တစ်ဦးလည်း ဖြစ်သည်။

ဘာစီလိုနာ နည်းပြ Luis Enrique သည်လည်း ယခုနှစ်အတွက် ဖီဖာ၏ အကောင်းဆုံး အမျိုးသား ဘောလုံး နည်းပြ အဖြစ် ရွေးချယ်ခံရသည်။

၂၀၁၅ ခုနှစ် အကောင်းဆုံး အမျိုးသမီး ဘောလုံးဆု အနေဖြင့် အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက အဓိက ဆုကြီး နှစ်ခုဆွတ်ခူးနိုင်ခဲ့သည်။

အမေရိကန် အမျိုးသမီး လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ကာလီလွိုက်က ဖီဖာ အကောင်းဆုံး အမျိုးသမီး ဘောလုံးကစားသမား ဆုကို ရရှိခဲ့သလို ယင်းအသင်း၏ နည်းပြ Jill Ellis ကလည်း ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို ရရှိခဲ့သည်။

FIFA Play Award ဆုကို ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များ ထောက်ပံ့ရေး ပါဝင်လုပ်ဆောင်နေသော ဘောလုံး အဖွဲ့အစည်းများ နှင့် ကလပ်အသင်းများအား ချီးမြှင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.