Connect with us

International Organizations

မြေထဲပင်လယ် အား ဖြတ်ကျော်ရန် ကြိုးစားသူ ၂၄၅ဦး သေဆုံး

အနောက်နိုင်ငံသို့ ရောက်ရှိရန် ပင်လယ်ဖြတ်ကျော်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က မြေထဲပင်လယ်အား ဖြတ်ကျော်ရန် ကြိုးစားစဉ် လူ ၂၄၅ဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ က မေ ၉ ရက် တွင်ပြောကြားခဲ့သည်။

အေဂျင်စီ အနေဖြင့် မြေထဲပင်လယ် အလယ်ပိုင်းတွင် သင်္ဘောတိမ်းမှောက်မှု နှစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက “ပထမသင်္ဘောမှောက်မှုဟာ မေလ ၅ ရက်နေ့ ညမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၂ယောက်လောက် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်။ တခြားသင်္ဘောတိမ်းမှောက်မှုကတော့ လစ်ဗျား ကမ်းရိုးတန်းအလွန်မှာ မေ ၇ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁၆၃ယောက် ခန့် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်” ဟုပြောကြားခဲ့သည်။

ယင်းသင်္ဘောတိမ်းမှောက်မှုများကြောင့် ၂၀၁၇ခုနှစ် အစောပိုင်းက စ၍ အာဖရိကမြောက်ပိုင်းမှ အီတလီနိုင်ငံသို့ သွားရောက်ရန် ကြိုးစားရင်း သေဆုံး (သို့) ပျောက်ဆုံးနေသူ အရေအတွက် ၁၃၀၀ကျော်ရှိလာကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က ၂၀၁၇ခုနှစ် ယခုလ အထိ ရွှေ့ပြောင်းဒုက္ခသည် နှင့် ခိုလှုံခွင့်တောင်းခံသူ ၄၃,၀၀၀ကျော်သည် အီတလီနိုင်ငံသို့ရောက်ရှိရန် မြေထဲပင်လယ် အလယ်ပိုင်း လမ်းကြောင်းကို အသုံးပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.