Connect with us

International Organizations

ကုလသမဂ္ဂ အရာရှိ က “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု ကို အမှီပြု၍ အာဖရိက အသိုက်အဝန်း တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားမည် ဟုပြော

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Amina J. Mohammed အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အက်ဒစ် အာဘာဘာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Amina J. Mohammed က အာဖရိက နိုင်ငံ များအနေဖြင့် တရုတ် နိုင်ငံ မှ ဆောင်ရွက်သည့် “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု အခွင့်အလမ်း ကို ခိုင်မြဲစွာ ပါဝင်ဆောင်ရွက်ပြီး ယင်းဖော်ဆောင်မှု မှတစ်ဆင့် အာဖရိက ကုန်းမြေကြီး အသိုက်အဝန်း တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့က တိုက်တွန်း ပြောကြား ခဲ့သည်။

Mohammed က ၂၉ ကြိမ်မြောက် အာဖရိက သမဂ္ဂ ထိပ်သီးအစည်းအဝေး ကို တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု သည် လက်ရှိကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အတွင်း အကြီးမားဆုံးသော အခြေခံအဆောက်အဦ တည်ဆောက်ရေး ဖော်ဆောင်မှု တစ်ခုဖြစ်ကြောင်း ၊ ယင်းဖော်ဆောင်မှု သည်လည်း ကမ္ဘာ့ဒေသအသီးသီး မှ ပူးပေါင်းပါဝင်သူများကို အာဖရိကတိုက်တွင် ရင်းနှီးမြှုပ်နှံမှု များအား တိုးမြှင့် ဆောင်ရွက်ကြရန် ဖိတ်ခေါ်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အနေဖြင့် ကာလတလျှောက် အာဖရိက အသိုက်အဝန်း တည်ဆောက်ရေး အတွက် ထောက်ခံခဲ့ပြီး အာဖရိကတိုက် အတွင်း လွတ်လပ်စွာကုန်သွယ်မှု တည်ဆောက်ရေး လည်း ပါဝင် ခဲ့ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် အာဖရိက သမဂ္ဂ အတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့သော်လည်း ဤဖြစ်စဉ် အတွင်း ကုလသမဂ္ဂ နှင့် အာဖရိက သမဂ္ဂ တို့မှ “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု အခွင့်အလမ်း ကို ရယူပြီး အာဖရိက ကုန်းမြေကြီး စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း Mohammed က ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.