Connect with us

International Organizations

မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှုကို ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှုနှင့် ပတ်သက်၍ ဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက လက်ရှိ နောက်ဆုံး ဒုံးကျည် ပစ်လွှတ်ခဲ့မှုအား အပြင်းအထန်ရှုတ်ချလိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုမျိုးအား ချက်ချင်း ရပ်ဆိုင်းရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သြဂုတ်လ ၂၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်သည် ဒေသတွင်းကိုသာ ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ ကုလအဖွဲ့ဝင် နိုင်ငံများ အားလုံးကိုပါ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သော ဒုံးကျည်နှင့် ပြောစကားများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေမည် ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်း ဆက်စပ်သော လုံခြုံရေးအား စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း လုံခြုံရေးကောင်စီက ပြောသည်။

ထို့ပြင် မြောက်ကိုရီးယားအား ပဲ့ထိန်း ဒုံးကျည် နည်းပညာသုံးပြီး အခြား မည်သည့် လုပ်ဆောင်မှုမျိုးကိုမှ ထပ်မံ မလုပ်ဆောင်ရန်နှင့် ဆက်စပ်သော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား လိုက်နာရန် ကောင်စီက တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.