Connect with us

International Organizations

အစ္စရေး နှင့် ပါလက်စတိုင်း နှစ်ပြည်ထောင် တည်ဆောက်မှုဖြင့် ဖြေရှင်းမှုပြုလုပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော

အာရပ်-အစ္စရေးစစ်ပွဲ ပြီးမြောက်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနားတွင် အောင်ပွဲခံနေသော အစ္စရေးနိုင်ငံသားများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ဇွန် ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့၏ ကျူးကျော်သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် နှင့် အစ္စရေး – ပါလက်စတိုင်းအကြား နှစ်ပြည်ထောင်စနစ်တည်ဆောက်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးကြရန် ဇွန်လ ၅ ရက်က တိုက်တွန်းပြောကြားလိုက်သည်။

၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲ၏ နှစ် ၅ဝပြည့် အခမ်းအနားကို ဇွန်လ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး ၎င်းစစ်ပွဲရလဒ်အနေဖြင့် အစ္စရေးနိုင်ငံသည် အနောက်ဘက်ကမ်းဒေသ ၊ အရှေ့ဂျေရုစလင် ၊ ဂါဇာ နှင့် ဆီးရီးယားနိုင်ငံ ဂိုလန်ကုန်းမြင့်တို့ကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။

“ ၁၉၆၇ ခုနှစ်ကတည်းက စတင် ကျူးကျော်ထားမှုကို အဆုံးသတ်ဖို့ပါ။ နှစ်ပြည်ထောင် တည်ဖြေရှင်းမှုရလဒ်က ငြိမ်းချမ်းရေးကို အဓွန့်ရှည်စေမှာဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ ပါလက်စတိုင်းနိုင်ငံ အဖြစ်ရပ်တည်ဖို့နဲ့ အစ္စရေးနိုင်ငံက လိုလားနေတဲ့ လုံခြုံရေး အခြေခံအုတ်မြစ်ချပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှာပါ” ဟု ဂူတာရက်က်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အစ္စရေး-အာရပ် ပဋိပက္ခကို ဖယ်ရှားနိုင်စေရန် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် အကြမ်းဖက်ဝါဒ ဦးတည်မောင်းနှင်မှုကို ဖယ်ရှားနိုင်မည့် အဖြေတစ်ခုဖြစ်ကြောင်း ၊ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်ဝါဒကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုအတွက် တံခါးများဖွင့်လှစ်ခြင်း ၊ လုံခြုံရေး ၊ အကျိုးစီးပွား နှင့် အားလုံးအတွက် လူ့အခွင့်အရေး ရရှိစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် ကုလသမဂ္ဂဆုံးဖြတ်ချက် ၊ သဘောတူညီချက်များ နှင့် နိုင်ငံတကာဥပဒေ များအပေါ် အခြေခံ၍ ပြဿနာရပ်အားလုံးကို ဖြေရှင်းနိုင်ရေးအတွက် တိုက်ရိုက် တွေ့ဆုံညှိနှိုင်းမှုလမ်းကြောင်းပေါ်သို့ပြန်သွားကြရန် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.