Connect with us

International Organizations

ကုလသမဂ္ဂ အရာရှိ တစ်ဦး က အမေရိကန် နိုင်ငံ သမ္မတ ၏ ပြောဆိုမှုများသည် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွား လာနိုင် ဟုပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူအခွင့်အရေး ကောင်စီ အဆင့်မြင့် အရာရှိ Zeid Hussein က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အမေရိကန် နိုင်ငံ မီဒီယာ များအပေါ် ဝေဖန်တိုက်ခိုက်သည့် ပြောဆိုမှု များသည် အနာဂတ် တွင် မကောင်းမွန်သည့် အကျိုးဆက်များ ဖြစ်ပွား လာနိုင်မည် ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့၌ ပြောကြား ခဲ့သည်။

Hussein က သြဂုတ်လ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်နယ်ထရမ့် အနေဖြင့် NewsYork Times ၊ The Washington Post နှင့် CNN စသော အမေရိကန် နိုင်ငံ အဓိက သတင်းမီဒီယာ များအား ကာလတစ်လျှောက် ဝေဖန်တိုက်ခိုက် နေပြီး ၎င်းတို့အား လူလိမ် ၊ မရိုးသားသောသူ နှင့် လူဆိုး စသည်ဖြင့် ပြောဆိုနေခြင်းသည် လွန်စွာ အံအားသင့်စေသည့် အပြုအမူ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက သတင်းမီဒီယာ လုပ်ငန်းများကို မကောင်းမြင်အောင် ပြုလုပ်နေခြင်းသည် အနာဂတ်တွင် မှန်းဆ၍ မရနိုင်သည် ဆိုးကျိုးများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့် ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အစွန်းရောက်သမားများမှ မီဒီယာ လုပ်ငန်းလုပ်ကိုင်သူများကို တိုက်ခိုက်လာနိုင်စေပြီး အမေရိကန် နိုင်ငံ ၏ သတင်း လွတ်လပ်ခွင့် ကိုလည်း တိုက်ရိုက် ထိခိုက်လာမည် ဖြစ်ကြောင်း အထူး ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် သည် အမေရိကန် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ စတင်ချိန် မှစ၍ အမေရိကန် နိုင်ငံ အဓိက မီဒီယာ များ၏ အပြန်အလှန် တိုက်ခိုက်ပြောဆိုမှု များပြုလုပ်ခဲ့ပြီး ၎င်းအနေဖြင့် မီဒီယာများအား သတင်းအတု များရေးသား ဖော်ပြကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ကာ မီဒီယာ များမှလည်း ၎င်း၏ ပြောဆိုမှုများသည် မမှန်ကန်ကြောင်း ကို အကြိမ်ကြိမ် ပြန်လည် တုန့်ပြန်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.