Connect with us

International Organizations

ယခင်နှင့်မတူသည့် အင်တာဗျူးမေးခွန်းများဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အသစ် ရွေးချယ်ပွဲ စတင်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အသစ် ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများ (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီလ ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် တာဝန်ပြီးဆုံးတော့မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားသူ ကိုးဦးအား ယခင်နှင့်မတူသည့် အင်တာဗျူးမေးခွန်းများ စိစစ်မေးမြန်းကာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်မည့် သုံးရက်ကြာ အင်တာဗျူးအား ဧပြီလ ၁၂ရက်က စတင်ခဲ့ကြောင်း သိရသည်။

ပထဆုံးအင်တာဗျူးဖြေဆိုခဲ့သူ သုံးဦးမှာ မွန်တီနီဂရိုး နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Igor Luksic၊ ယူနက်စကို အဖွဲ့အစည်း(UNESCO) ညွှန်ကြားရေးမှူးချုပ် Irina Bokova၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) Antonio Guterres တို့ဖြစ်ကြောင်း သိရသည်။

အင်တာဗျူးဖြေဆိုသူများအား တစ်ပိုင်းလျှင် နှစ်နာရီကြာမြင့်သည့် အပိုင်းများခွဲ၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ လူမှုအခြေပြု အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းခဲ့ကြသည်။
အဆိုပါအင်တာဗျူးများသည် အလွတ်သဘော ဆွေးနွေးမှုပုံစံဖြစ်ပြီး ကုလသမဂ္ဂသမိုင်းတွင် ပထမဆုံးဖြစ်ကာ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်များ၊ ပြည်သူလူထု နှင့် ဖြေဆိုသူများကြား ထိရောက် ပွင့်လင်းသည့် ဆက်ဆံရေး ရရှိစေနိုင်သည့် အခွင့်အလမ်းများ ဖြစ်ထွန်းလာကြောင်း သိရသည်။
(၇၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Mogens Lykketoft က ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ် သည့် အဆိုပါ အင်တာဗျူးအပိုင်းများ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းက အလွတ်သဘော ဆွေးနွေးရှင်းလင်းမှုပုံစံ သည် ကုလသမဂ္ဂ၏ အနာဂါတ်နှင့်ပတ်သက်၍ အလွန် ပွင့်လင်းမြင်သာပြီး စိတ်ဝင်စားဖို့ကောင်းသည့် ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖြေဆိုသူ တစ်ဦးချင်းစီသည် ကုလသမဂ္ဂအဖွဲ့အစည်း အားမည်သို့ ပဲ့ကိုင်ဆောင်ရွက်သွားမည်နှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်ကို အခြေခံထားသည့် အလွတ်သဘော သဘောထားကို ပြောကြားခဲ့ကြသည်။
ယခုလို ပွင့်လင်းမြင်သာမှု ရှိသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်တင်မြှောက်ရေး အစီအစဉ်သည် ကုလသမဂ္ဂသမိုင်းတွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင် ၁၅ဦးပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံချက် ပေးထားသည့် အထွေထွေအတွင်းရေးမှူးချုပ်အား အတည်ပြုပေးရန် အဖွဲ့ဝင် ၁၉၃ဦးပါဝင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.