Connect with us

International Organizations

အစ္စတန်ဘူလ်အကြမ်းဖက်မှု ကုလသမဂ္ဂအကြီးအကဲ ပြင်းထန်စွာရှုံ့ချ

အစ္စတန်ဘူလ်ခရိုင် Vezneclierတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် အဆောက်အအုံအား ရှင်းလင်းနေကြစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဇွန် ၇ ရက်ကဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်ခံမှုတွင် လူ ၁၁ ဦးသေဆုံးပြီး တိုက်ခိုက်မှုအတွက် ပြင်းထန်စွာ ရှုံ့ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီးမွန်းက ပြောကြားလိုက်သည်။

ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်သွားမှာဖြစ်ပြီး ၎င်းတို့အား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဘန်က ဆက်ပြောသည်။ထို့ပြင် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း နှင့် အမြန်ဆုံးသက်သာရာရပါစေကြောင်း အတွင်းရေးမှူးချုပ်၏ ဆုတောင်းစကားကို ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က daily news သတင်းစာသို့ပြောကြားခဲ့သည်။
“တူရကီအစိုးရ နဲ့ပြည်သူတွေရဲ့အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကုလသမဂ္ဂအဖွဲ့ကြီးဟာ သူတို့နဲ့အတူ စည်းစည်းလုံးလုံး ရပ်တည်နေပါတယ်” က ၎င်းကဆက်ပြောသည်။
အစ္စတန်ဘူလ်မြို့လယ်၌ ဇွန် ၇ ရက် နံနက်စောပိုင်းက ရဲတပ်ဖွဲ့ဘတ်စ်ကားကို ဦးတည်ပြီး အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၇ ဦးပါဝင်ကြောင်း သတင်းများအရ သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း အစ္စတန်ဘူလ်ခရိုင်အတွင်းရှိ ကမ္ဘာလှည့်ခရီးသွားများ အသွားအလာများသည့် Vezneclier တွင် လမ်းဘေး၌ ရပ်ထားသော ရဲကားကို ဦးတည်ပြီး အသေခံကားဗုံးဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွက် မည့်သည့်အဖွဲ့ကမှ ၎င်းတို့၏ လက်ချက်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။
တူရကီနိုင်ငံတွင် ယခုနှစ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် လေးကြိမ်ဖြစ်ပွားခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် အစ္စတန်ဘူလ်မြို့၌ ဖြစ်ပွားသော အသေခံဗုံးဖောက်ခွဲမှုတွင် ဂျာမနီနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ အခြားဗုံးပေါက်ကွဲမှုမှာ ဖေဖော်ဝါရီလက တပ်မတော်နေ့စစ်ရေးပြအခမ်းအနားပြုလုပ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၈ ဦးသေဆုံးခဲ့သည်။
၂ဝ၁၆ ခုနှစ် မတ်လ တွင် တူရကီနိုင်ငံ Ankara မြို့၌ ကာဒ်စစ်သွေးကြွများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၅ ဦးသေဆုံးခဲ့ရသည်။ အဆိုပါလထဲတွင် အစ္စတန်ဘူလ်မြို့ဈေးဝယ် ဧရိယာအတွင်း ဗုံးပေါက်ကွဲမှုတွင် လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.