Connect with us

International Organizations

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို လာမည့် ရက်ပိုင်း အတွင်း ဂျီနီဗာ တွင် ပြန်လည် စတင် ကျင်းပမည်

ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura ၏ ရုံးခန်း က ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွင် ဂျီနီဗာ ၌ ပြန်လည် ကျင်းပ သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တက်ရောက်မည့် ကိုယ်စားလှယ်များအား ဖိတ်ကြားလွှာ များကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပို့ဆောင်ခဲ့ပြီး ဖြစ်ကာ သက်ဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းများကိုလည်း တက်ကြွစွာ ဆောင်ရွက်နေကြောင်း ၊ ဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ သည် ဖော်ဖော်ဝါရီ ၂၀ ရက်နေ့တွင် ဂျီနီဗာ ကို ရောက်ရှိကြမည် ဖြစ်ပြီး အထူးကိုယ်စားလှယ် Staffan de Mistura ဦးဆောင်သည့် အဖွဲ့နှင့် ဦးစွာ ဆွေးနွေးမှု များဆောင်ရွက်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ၂၃ ရက်နေ့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

ယခု အကြိမ် ပြုလုပ်မည့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် ရက်စွဲကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး Staffan de Mistura မှ ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် ကျင်းပမည်ဟု ဦးစွာကြေညာ ခဲ့သော်လည်း နောက်ပိုင်းတွင် ၂၀ ရက်နေ့သို့ပြန်လည်ရွှေ့ဆိုင်းကာ ယခု ရက်စွဲကို သတ်မှတ် ခဲ့ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆီးရီးယား အစိုးရ နှင့် အတိုက်အခံ ကိုယ်စားလှယ် များသည် ဂျီနီဗာ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိမ်ကြိမ် ကျင်းပ ခဲ့သော်လည်း သဘောထား ကွဲလွဲမှု ပြင်းထန်သောကြောင့် ထိုနှစ် ဧပြီလပိုင်း တွင် သဘောထား တင်းမာမှုများဖြင့် ဖျက်သိမ်းခဲ့ရသည်။ ရုရှား ၊ တူရကီ နှင့် အီရန် နိုင်ငံ တို့၏ ညှိနှိုင်း တိုက်တွန်းမှု အောက်တွင် ဆီးရီးယား အရေး နည်းစနစ်ပိုင်း ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် Astana မြို့တွင်ကျင်းပ နိုင်ခဲ့ပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.