Connect with us

International Organizations

ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်

ကျန်းမာရေးဝန်ထမ်းများ ခြင်ဆေးဖျန်းနေစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေး တိုက်ပွဲအတွင်းသို့ ကမ္ဘာ့ဘဏ် ဝင်ရောက်လာခဲ့ပြီး ဇီကာဗိုင်းရပ်စ် အများဆုံး ပြန့်ပွားနေသည့် လက်တင် အမေရိကနှင့် ကာရေဘီယံ နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီလ ၁၈ ရက်က ကတိပြုလိုက်သည်။

ဇီကာဗိုင်းရပ်စ်ကြောင့် ၂၀၁၆ ခုနှစ်အတွင်း ဒေသတွင်း စီးပွားရေး အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံခန့် ဆုံးရှုံး နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က ရောဂါပိုး ပျံ့နံှ့မှုမှ ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ ၅၆ သန်း တောင်းဆိုမှု အပေါ် တုန့်ပြန်သည့် အနေဖြင့် ထိုသို့ ကတိပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် နည်းပညာဆိုင်ရာ သုတေသန ရှေ့ဆက် လုပ်ဆောင်မည် ဖြစ်ပြီး ကာကွယ်ဆေးနှင့် နည်းပညာများ လျင်မြန်စွာ ရှာဖွေတွေ့ရှိရန် စတင် လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့ပြင် ခြင်များ ထိန်းချုပ်ခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ပြည်သူလူထု၏ အန္တရာယ်ရှိနိုင်ခြေ အား ဆန်းစစ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးချိန်များ၌ မွေးကင်းစ ကလေးငယ်များအား စောင့်ရှောက် ခြင်းနှင့် မိသားစု စီမံကိန်းများ မြှင့်တင်ခြင်း စသည့် ကဏ္ဍများ၌ ရန်ပုံငွေအား သုံးစွဲသွားမည် ဖြစ်ကြောင်း သိရ သည်။

“ဇီကာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့ နိုင်ငံတွေအတွင်း နေထိုင်တဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးကို ကာကွယ်ဖို့နဲ့ ဇီကာဗိုင်း ရပ်စ် ပျံ့နှံ့မှုကို ရပ်တန့်စေဖို့ အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ ပညာရှင်တွေက မီးမောင်း ထိုးပြထားတယ်၊ ကျန်မာရေး ကပ်ဆိုက်ကာလနဲ့ လိုအပ်တာတွေကို ပံ့ပိုးပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်အဖွဲ့ က အမြဲအဆင်သင့်ရှိပါတယ်” ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်မ် ရောင်ကင် (Jim Yong Kim) က သတင်းထုတ်ပြန် ချက်၌ ပြောကြားထားသည်။ (Xinhua)