Connect with us

International Organizations

မိုဟာမက်အလီ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ပြော

၂ဝ၁၂ ခုနှစ် ဂျူလိုင် ၂၈ ရက်က ကျင်းပသည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့တက်ရောက်လာသည့် လက်ဝှေ့ကျော် မိုဟာမက်အလီအားတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့လက်ဝှေ့ချန်ပီယံ(ဟောင်း) မိုဟာမက်အလီကွယ်လွန် သွားခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဇွန် ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ အလီဟာ ဂန္တဝင်လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်ရုံမကပါဘူး။သူဟာ ငြိမ်းချမ်းရေးနဲ့တန်းတူညီမျှရေးအတွက် ကမ္ဘာ့ချန်ပီယံတစ်ယောက်ပါပဲ” ဟု ဘန်ကီမွန်းက ဂုဏ်ပြုပြောကြားသည်။
ကမ္ဘာပေါ်ရှိ အလီ ပရိတ်သပ် သန်းပေါင်းများစွာ နှင့် ၎င်း၏ မိသားစု နှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါရှိသည့် အထွေထွေအတွင်းရေးမှူးချုပ်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မှ တဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ရှိ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ သုံးကြိမ်ဆုရှင် မိုဟာမက်အလီသည် ဇွန် ၄ ရက်တွင် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖိုးနစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ အလီသည် ၁၉၉၈ ခုနှစ်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်အဖြစ် ကမ္ဘာတစ်ဝန်းလှည့်လည်ပြီး ကလေးသူငယ်အရေး ၊ ပဋိပက္ခတိုက်ခိုက်နေမှုများရပ်စဲရေး ၊ နိုင်ငံ နှင့် လူမျိုးကြား အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုရရှိရေး စသည့်အရေးကိစ္စများကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“ ကမ္ဘာတစ်လွှားမှာဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ နဲ့လူမျိုးရေးမှာ တရားမျှတမှု ရဖို့၁၉၇ဝ ပြည့်နှစ်မှာ အလီဟာ ကုလသမဂ္ဂကို ရောက်လာခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် ၂ဝ၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲ၌ အိုလံပစ်အလံသယ်ဆောင်ပေးခဲ့သည့် အလီ၏ လုပ်ဆောင်ချက်ကိုလည်း အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုခဲ့သည်။
“ အလီဟာ လူအချင်းချင်းအပြန်အလှမ်နားလည်ဖို့နဲ့ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့စည်းရုံးခဲ့တဲ့ ရာစုနှစ်ရဲ့ လူသားချင်စာနာမှုဝါဒီတွေက မဟာလူသားတစ်ယောက်ပါပဲ။ သူ့ဘဝတစ်သက်သာ လုပ်ဆောင်ချက်နဲ့အကျိုးကျေးဇူးအတွက် ကုလသမဂ္ဂအဖွဲ့က ကြေကွဲရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.