Connect with us

International Organizations

အာဖဂန်နစ္စတန် တိုက်ခိုက်ခံရမှု ကုလသမဂ္ဂရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ၌ မေလ ၃၁ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ မေလ ၃၁ ရက် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ အနည်းဆုံး ၈ဝ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃၅ဝ ဦးရှိလာခဲ့ရာ ယင်းလုပ်ရပ်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း သိရသည်။

ကဘူလ်းမြို့ရှိ သံတမန်များရုံးစိုက်ရာ ရပ်ကွက်အတွင်း အင်အားပြင်းကားဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ကားအစီးပေါင်း ၅ဝ ကျော်ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း နှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှှုင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

“ အဲဒီလုပ်ရပ်အပေါ် စက်ဆုပ်ရွံ့ရှာတယ်လို့အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှု နဲ့အကြမ်းဖက်ဝါဒကို ဆန့်ကျင်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်” ဟု ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နေ့စဉ်ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှု နဲ့နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုပါပဲ။ ဘယ်တော့မှ လက်ခံနိုင်စရာမရှိပါဘူး။ ဒီနေ့တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ရေးစီ ပို့ဆောင်ရမှာပါ ” ဟု Dujarric က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.