Connect with us

International Organizations

အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်နှင့် ကုလ အကြီးအကဲ စကားပြော

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်သည် အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဇန်နဝါရီလ ၄ ရက်က တယ်လီဖုန်းဖြင့် စကားပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က သတင်းထောက်များအား ပြောသည်။

“ဒါက ပုံမှန် မိတ်ဆက်တဲ့ ဖုန်းပြောဆိုခြင်း လုပ်တဲ့သဘောပါ၊ အမေရိကန်-ကုလသမဂ္ဂ ဆက်ဆံရေးကို အကောင်းဘက်က အမြင်တွေနဲ့ ဆွေးနွေးခဲ့ကြတယ်” ဟု ဟတ်က ပြောသည်။

အထွေထွေ အတွင်းရေးမှူးက ရွေးကောက်ခံ သမ္မတနှင့် စေ့စပ် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဟတ်က ဆိုသည်။

ပေါ်တူဂီနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကုလသမဂ္ဂ၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

ထရမ့်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး ၎င်းသည် ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်နှင့် အစ္စရေးနှင့် ပါလက်စတိုင်း အရေးနှင့် ပတ်သက်ပြီး ထရမ့်၏ ဝေဖန်ချက်များကြောင့် လာမည့် နှစ်များတွင် အမေရိကန်- ကုလသမဂ္ဂ ဆက်ဆံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.