Connect with us

International Organizations

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်မှုသည် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း ကုလ ပြောကြား

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး အား ငယ်ရွယ်စဉ် က တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) ၏ သံတမန် ဖြစ်သည့် ဗြိတိန်မင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်မှုကို မေလ ၂၃ ရက်နေ့က ကြေညာခဲ့ပြီး မင်းသားကြီးသည် ကလေးများအတွက် အတုယူလေးစားရသည့် ချန်ပီယံ တစ်ဦးဖြစ်ကြောင်း UNICEF အမှုဆောင်ညွှန်ကြားရေးမှူး အန်တိုနီလိတ်ခ် က တင်စားပြောဆိုခဲ့သည်။

လိတ်ခ် က “ဆာရော်ဂျာမိုး ကွယ်လွန်ခြင်းဟာ ကလေးတွေအတွက် ချန်ပီယံ တစ်ဦးပျောက်ဆုံးသွားခြင်း ဖြစ်သလို UNICEF တစ်ဖွဲ့လုံးရဲ့ မိတ်ဆွေကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်ပါတယ်။ မင်းသားအနေနဲ့ သရုပ်ဆောင်တဲ့အခါ ဆာရော်ဂျာမိုးကို တည်ငြိမ်ပြီး ခေတ်မီတဲ့ ပုံစံမျိုးနဲ့ တွေ့မြင်ရပေမယ့် UNICEF ရဲ့ သံတမန်တစ်ဦးအနေနဲ့ ဆောင်ရွက်ရာမှာတော့ သူဟာ ကလေးတွေအတွက် တကယ်ကို တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်စွာ လှုံ့ဆော်စည်းရုံးပေးခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

၎င်းက “ကလေးတွေရဲ့ အနာဂါတ်ပိုမို အေးချမ်းဖို့ဆိုတာ ကျွန်တော်တို့အားလုံးအပေါ် မူတည်နေပါတယ်လို့ တစ်ခါတုန်းက သူပြောခဲ့ပါတယ်။ သူဟာ ဇနီးဖြစ်သူ ခရစ်စတီးနား နဲ့ အတူတူ အလုပ်ကို အလွန်ကြိုးစားပြီး လုပ်ဆောင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ဖြင့် အလွန်ကျော်ကြားခဲ့သော ရော်ဂျာမိုးသည် အသက် ၈၉နှစ်အရွယ်တွင် ၎င်းနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုက မေလ ၂၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.