Connect with us

International Organizations

CAR တွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ မုဒိန်းကျင့်ခဲ့ခြင်း ရှိ/မရှိ ကို ဆက်လက် စစ်ဆေးမည်

ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တစ်ဦး အာဖရိက အလယ်ပိုင်းနိုင်ငံ Bangui မြို့တွင် ကင်းလှည့် နေသည်ကို ၂ဝ၁၅ ခုနှစ် မေလ ၂ဝ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အာဖရိက အလယ်ပိုင်းနိုင်ငံ (CAR) တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များက မုဒိန်း ပြုကျင့်ခဲ့သည် ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂရုံးတွင်း ဝန်ဆောင်မှုဌာန (OIOS)၊ ဘရွန်ဒီ နှင့် ဂါဘွန်နိုင်ငံများက ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မေလ ၃၁ ရက်တွင် ပြောကြားသည်။

“ တရားလိုပြု တိုင်တန်းထားသူ ၁ဝ၆ ဦးထဲက ၆ဝ ဦးကို ပူးတွဲ စုံစမ်းစစ်ဆေးရေ းအဖွဲ့က မေးမြန်းထားပြီး ဖြစ်တဲ့ အကြောင်းကို OIOS အဖွဲ့က အကြောင်းကြားလာပါတယ်”ဟု ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် Stephane Dujarric က ပြောသည်။ ထို့ပြင် ကျမ်းကျိန် ထွက်ဆိုချက်များအား အတည်ပြုနိုင်ရန် သက်သေများကိုလည်း စစ်ဆေးနေကြောင်း နှင့် အဆိုပါ စစ်ဆေးမေးမြန်းမှု လုပ်ငန်းစဉ်သည် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြီးဆုံးဖွယ်ရှိကြောင်း Dujarric က ဆက်ပြောသည်။
“ စွပ်စွဲချက်တွေက ၂ဝ၁၄ – ၂ဝ၁၅ ခုနှစ်တွေက အဖြစ်အပျက်တွေဖြစ်နေတော့ ဆေးဝါး မပြည့်စုံခြင်း ၊ တရားစီရင်ရေး စနစ် အားနည်းခြင်း နဲ့အခြား ရုပ်ပိုင်းဆိုင်ရာ သက်သေခံချက်တွေ အားနည်းခြင်းတွေကြောင့် စုံစမ်း စစ်ဆေးရေး လုပ်ငန်းစဉ်ဟာ တရားလိုတွေ နဲ့မျက်မြင်သက်သေတွေရဲ့ကျမ်းကျိန် ထွက်ချက်ပေါ်မှာပဲ အမှီပြုနေရတယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ (UNFPA) နှင့် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) နှင့် ၎င်းတို့၏ ဆက်စပ်အဖွဲ့အစည်းအချို့သည် စုံစမ်း စစ်ဆေးမှုများကို အထောက်အကူ ပြုနိုင်ရန်အတွက် ဆေးဝါး ၊ လူမှုစိတ်ပညာ နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီများကို အခင်းဖြစ်ဒေသတွင် ထောက်ပံ့ ကူညီပေးနေကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် UNICEF မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် AFJC က မုဒိန်းပြုကျင့်ခံရသူများမှ အရွယ်မရောက်သေးသူများ နှင့် လူကြီးများကို OIOS နှင့်အတူ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဆက်ပြောသည်။
မုဒိန်းပြုကျင့်ခံရကြောင်း စွပ်စွဲထားသူအများစုသည် ပြင်သစ် Sangaris တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် Kemo ဒေသတွင် ၂ဝ၁၃ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အတွင်း နေထိုင်ခဲ့ကြသည့် ဘရွန်ဒီ နှင့် ဂါဘွန် လူမျိုးများ ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.