Connect with us

International Organizations

နိုင်ငံအသီးသီးက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အခြေခံနည်းလမ်းများကို အပြည့်အဝ ဆောင်ရွက်ထားကြရန် WHO ပညာရှင် တိုက်တွန်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား မတ် ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ အတွေ့အကြုံအရ ရောဂါဖြစ်ပွားသူကို တွေ့ရှိအောင် ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားသူနှင့်နီးကပ်သူများအား ခြေရာခံစောင့်ကြည့်ခြင်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံး ပါဝင်ဆောင်ရွက်လာအောင် နှိုးဆော်ခြင်း စသည့် အခြေခံနည်းလမ်းသည် ရောဂါကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရာ နိုင်ငံအသီးသီးအနေဖြင့် ၎င်းနည်းလမ်းများကို အပြည့်အဝ ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကျန်းမာရေး အရေးပေါ် အစီအစဉ် နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ Maria van Kerkhove က မတ် ၅ ရက်တွင် ပြောကြား ခဲ့သည်။ 

COVID-19 ရောဂါအခြေအနေကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သူ  Maria van Kerkhove က  သူမ တရုတ်နိုင်ငံကိုသွားရောက်ကြည့်ရှုသည့်အခါတွင် လူတိုင်းက မိမိနှင့်မိမိ မိသားစုအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး၌ မည့်သည့် ကဏ္ဍမှ ပါဝင်ထမ်းဆောင်ရမည်ကို  သိရှိကြကြောင်း ၊ ရောဂါထိန်းချုပ်မှုကို ရပ်တန့်အောင် မည်သို့ စုပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ကိုလည်း သိရှိကြကြောင်း၊ ၎င်းမှာ ကျေနပ်နှစ်သိမ့်ဖွယ်ဖြစ်ကြောင်း မတ် ၅ ရက်တွင် ကျင်းပသည့် WHO၏ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား မတ် ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား မတ် ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

“တရုတ်နိုင်ငံအပြင် စင်္ကာပူစသည့်နိုင်ငံအချို့ကလည်း အလားတူ အခြေခံနည်းလမ်းများကို ဆောင်ရွက်နေကြတယ်။ဒါကို နိုင်ငံတိုင်း လုပ်ဆောင်နိုင်ပါတယ်။”ဟု  Maria van Kerkhoveက ဆိုသည်။

COVID-19 ရောဂါသည် ကမ္ဘာတွင် အဆက်မပြတ် ပြန့်ပွားလာကြောင်း၊  အချို့နိုင်ငံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် လုံလောက်သည့် အလေးထားမှုမရှိခြင်း သို့မဟုတ် ရောဂါကာကွယ်ထိန်းချုပ်ရေးအား လုပ်ဆောင်နိုင်စွမ်းမရှိဟု ယူဆနေကြရာ  ၎င်းမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး Tedros Adhanom က  ဆိုသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍  Maria van Kerkhoveက နိုင်ငံတစ်နိုင်ငံတွင် အတည်ပြုလူနာ ပေါ်ထွက်ခဲ့ သော်လည်း အစုအဖွဲ့လိုက် သို့မဟုတ် အများအပြားကျယ်ကျယ်ပြန့် မုချမသွေဖြစ်ပွားမည်ဟု မဆိုသာ သလို ရောဂါဖြစ်ပွားမှုအခြေအနေ မလွဲမသွေ ထိန်းမနိုင်သိမ်းမရဖြစ်မည်ဟုလည်း ပို၍ မဆိုသာကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ရောဂါတိုက်ဖျက်မှုကို တက်တက်ကြွကြွပါဝင်ဖြေရှင်း သင့်သလို ရောဂါပြန့်ပွားမှုကို တားဆီးသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)