Connect with us

Latin America

ဘရာဇီးသမ္မတ(ဟောင်း) လုလာ အကျဉ်းထောင်မှ လွတ်မြောက်

ဘရာဇီးသမ္မတ(ဟောင်း) အကျဉ်းထောင်မှ လွတ်မြောက်လာစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ(ဟောင်း) လူးဝစ်အင်နာဆီယိုလုလာဒါ ဆေးလ်ဗား( Luiz Inacio Lula da Silva) သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဘရာဇီးနိုင်ငံတောင်ပိုင်း Curitiba အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

သမ္မတဟောင်းသည်  Curitiba ရှိ ပြည်ထောင်စုရဲဌာနချုပ်တွင် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်သည်။  ထောင်အဆောက်အဉီမှ ထွက်လာသော လုလာကို ၎င်းအားထောက်ခံသူများ နှင့် PT အလုပ်သမားပါတီမှ နိုင်ငံရေးနောက်လိုက်များက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဘရာဇီးနိုင်ငံ၏ ပြည်ထောင်စုတရားရုံးချုပ်(STF) က နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် လုလာ အား အကျဉ်းကျပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် တရားခံတစ်ဉီးသည် ဒေသဆိုင်ရာတရားရုံး ၊ အထက်တရားရုံး(STJ) နှင့် ပြည်ထောင်စုတရားရုံးချုပ်(STF) တို့တွင်  သုံးကြိမ်တိုင် အဆင့်ဆင့် အယူခံခွင့်ရှိပြီး သမ္မတဟောင်းသည် တရားရုံးချုပ်အထိ နောက်ဆုံးအဆင့် အယူခံဝင်ပြီးနောက် ယခုကဲ့သို့လွတ်မြောက်လာခြင်းဖြစ်သည်။

ပြည်ထောင်စုတရားသူကြီးချုပ် Danilo က နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် လုလာအား အကျဉ်းထောင်မှ လွှတ်ရန် အမိန့်ပေးခဲ့သည်။ သမ္မတဟောင်းသည် အကျင့်ပျက်ခြစားမှု နှင့် ငွေကြေးခဝါချမှု တို့ဖြင့် ပြစ်မှုထင်ရှားသဖြင့် ၂၀၁၇ ခုနှစ်တွင် အရေးယူခံရပြီး အဆိုပါပြစ်ဒဏ်ကို နောက်ပိုင်းတွင် အယူခံတရားရုံးက ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်းက ၎င်းတွင် အပြစ်မရှိကြောင်း နှင့် နိုင်ငံရေးအရ ဖမ်းဆီးခံရခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ ၎င်းသည်၂၀၁၈ ခုနှစ် ဧပြီလမှ စတင်ကာ ထောင်ဒဏ် ၈ နှစ် နှင့် ၁၀ လ ပြစ်ဒဏ်ကို စတင်ကျခံခဲ့ရသည်။

ဘရာဇီး သမ္မတဟောင်း လုလာသည် ၂၀၁၈ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ တတိယအကြိမ်မြောက် သမ္မတ သက်တမ်းထပ်မံထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းနေစဉ်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117