Connect with us

Latin America

ဆယ်စုနှစ်အတွင်း မက်ဆီက အကောင်းဆုံး ကစားသမားဟု ပီလီ ဆို

အာဂျင်တီးနား ရှေ့တန်း ကစားသမား လီယွန်နယ် မက်ဆီ (လယ်) ၏ ဘောလုံးကစားဟန်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဗျူးနို့စ် အိုင်ရေ့စ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ရှေ့တန်း ကစားသမား လီယွန်နယ် မက်ဆီသည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဘရာဇီး ဘောလုံး အကျော်အမော်ဟောင်း ပီလီက ပြည်တွင်း မီဒီယာများသို့ အောက်တိုဘာလ ၁၂ ရက်က ပြောကြား လိုက်သည်။

ပီလီက ပေါ်တူဂီ ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒို ကိုလည်း ချီးမွမ်း ပြောကြားခဲ့သည်။ “အများကတော့ မက်ဆီနဲ့ ရော်နယ်ဒိုကို နှိုင်းယှဉ် ပြောကြတယ်၊ ဒါပေမဲ့ သူတို့က မတူညီကြပါဘူး၊ နှစ်ယောက် လုံးက အလွန်ကောင်းမွန်တဲ့ ကစားသမား တွေပါပဲ” ဟု ပီလီက ဆိုသည်။
ပီလီ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA) အား ဦးဆောင်ရန် ရည်ရွယ်ထား ပါသလား ဟူသော မေးမြန်း ထားချက်ကိုမူ ၎င်းက ရှင်းရှင်းလင်းလင်း ငြင်းဆိုထားသည်။

“ကျွန်တော့မှာ ဖီဖာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သူက ပြောသည်။ယခင် ကစားသမားဟောင်းများနှင့် လက်ရှိ ကစားနေသူများအား နှိုင်းယှဉ် ပြောကြားရန်ကိုမူ ပီလီက ငြင်းဆန်ခဲ့ သည်။

“ယနေ့ ဘောလုံး လောကဟာ အရင်ကထက် ပိုပြီးခိုင်မာလာတယ် ဆိုတဲ့ အချက်အပေါ် ကျွန်တော့်မှာ သံသယ လုံးဝမရှိ ပါဘူး” ဟု ၎င်းက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117