Connect with us

Latin America

ကမ္ဘာ့ဘဏ်နှင့် New Development Bank တို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်မည်

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင် (ယာ) နှင့် New Development Bank ဥက္ကဋ္ဌ K.V. Kamath (ဝဲ) တို့က စက်တင်ဘာလ ၉ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်နှင့် BRICS နိုင်ငံများက တည်ထောင်ထားသည့် New Develpoment Bank (NDB) တို့သည် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား စက်တင်ဘာလ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာအား ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင်နှင့် NDB ဥက္ကဋ္ဌ K.V. Kamath တို့က ရေးထိုးခဲ့ကြပြီး အခြေခံ အဆောက်အအုံအတွက် အဓိကထားကာ နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှု ရှာဖွေရန် အဖွဲ့အစည်းနှစ်ခုအကြား လမ်းကြောင်းခင်းလိုက်ခြင်းလည်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သဘောတူညီချက်အရ ကမ္ဘာ့ဘဏ်နှင့် NDB တို့သည် စီမံကိန်းများတွင် ပူးတွဲငွေကြေး ထောက်ပံ့မှု၊ သက်ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်း လည်ပတ်ရာတွင် လွယ်ကူချောမွေ့စေရေး၊ အကြံပေး ဝန်ဆောင်မှုများနှင့် ထောက်ခံချက်များ လွယ်ကူချောမွေ့စေရေး အတွက် အခွင့်အလမ်းများ စူးစမ်းရှာဖွေရေးနှင့် ဝန်ထမ်းဖလှယ်ရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

BRICS နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိက နိုင်ငံများ ပူးတွဲ တည်ထောင်ထားသည့် NDB ဘဏ် ရုံးချုပ်သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ တည်ရှိသည်။ NDB ကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် အပြည့်အဝ လုပ်ငန်း လည်ပတ်ခဲ့သည်။ NDB ဘဏ် သည် BRICS နိုင်ငံများ၌ ကနဦး ဦးတည်ချက်ထားကာ အခြေခံ အဆောက်အအုံ နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု မြှင့်တင်ရန် ရည်ရွယ်ထားသလို ကမ္ဘာ့လုံးဆိုင်ရာ တိုးတက်မှုအတွက် ဘုံ ရည်မှန်းချက်အား ပြီးမြောက် အောင်မြင်စေရန် အခြား ငွေကြေး အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများအပေါ် အားဖြည့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.