Connect with us

Asia

အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများက အခြားနိုင်ငံများကို ဖိအားပေးပြီး ဘက်ရွေးရပ်တည်ခိုင်းမှုအပေါ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ဝေဖန်

ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မတ်လ ၄ ရက်တွင် တခြားနိုင်ငံတွေကို ဖိအားပေးပြီး ဘက်ရွေးရပ်တည်ခိုင်းမှုအပေါ် အမေရိကန်နိုင်ငံနှင့်အနောက်နိုင်ငံများကို ဝေဖန်ခဲ့သည်။ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ပြဿနာမရှိကြောင်းနှင့် အမေရိကန်နိုင်ငံနှင့် အခြား အနောက်နိုင်ငံများက မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား မပြုသင့်ကြောင်း၎င်းက ထောက်ပြခဲ့သည်။

ယင်းနေ့တွင် အန်ဝါသည် မဲလ်ဘုန်းမြို့၌ ကျင်းပသည့် ၂၀၂၄ အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ မလေးရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် သြစတြေးလျနိုင်ငံအတွက် အရေးပါသော မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း၊ အဆိုပါနိုင်ငံများသည် မလေးရှားနိုင်ငံနှင့် ၎င်း၏အရေးကြီးသော အိမ်နီးချင်း တရုတ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခြင်းကိုမူ မဟန့်တားသင့်ကြောင်း သြစတြေးလျဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်၎င်းတို့ကြားအဆင်မပြေမှုများ ရှိခဲ့သည်ပင်လျှင် ဤပြဿနာများကို မလေးရှားနိုင်ငံပေါ်ပုံမချသင့်ကြောင်း၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ပြဿနာမရှိကြောင်း အန်ဝါက ဆိုသည်။
မကြာသေးမီက “Financial Times” နှင့် အင်တာဗျူးတစ်ခုတွင် အန်ဝါသည် အနောက်နိုင်ငံများတွင် “တရုတ်ကြောက်ရောဂါ”ရှိကြောင်း ဝေဖန်ခဲ့ပြီး မလေးရှားနိုင်ငံအနေဖြင့် ကြားနေမှုနှင့် လွတ်လပ်ရေးကို လိုက်နာပြီး အမေရိကန်နိုင်ငံအတွက် တရုတ်နိုင်ငံကို “စိန်ခေါ်ခြင်း” မပြုဟု အလေးပေးပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားသည်ဟု အနောက်နိုင်ငံများက ဝေဖန်နေသောကြောင့် အနောက်နိုင်ငံများတွင် “တရုတ်ကြောက်ရောဂါ”ရှိကြောင်း အဆိုပါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက ထပ်မံရှင်းလင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသောနိုင်ငံနှင့် ကုန်သွယ်ဖက်ဖြစ်သည်။ မလေးရှားနိုင်ငံသည် လုံးဝလွတ်လပ်သောနိုင်ငံဖြစ်ပြီး မည်သည့် အင်အားစု၏ လွှမ်းမိုးမှုကိုမျှ ခံယူမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

……………………………….
(Chinese Version)
马来西亚总理批评美西方强迫他国选边站
新华社悉尼3月4日电(记者梁有昶 章建华)马来西亚总理安瓦尔4日在澳大利亚墨尔本批评美西方强迫他国选边站,指出马来西亚与中国之间不存在问题,美国等西方国家不应阻碍马来西亚与中国发展友好关系。
安瓦尔当天在墨尔本参加2024年东盟-澳大利亚特别峰会。他在与澳大利亚总理阿尔巴尼斯举行双边会谈后的联合记者会上说,尽管马来西亚也是美国、欧洲国家和澳大利亚等的重要友好国家,但这些国家不应阻碍马来西亚与其重要邻国中国发展友好关系。即便它们与中国有问题,也不应该把这些问题强加在马来西亚身上,马来西亚与中国之间不存在问题。
安瓦尔不久前在接受英国《金融时报》采访时批评西方国家存在“恐华症”,强调马来西亚坚持中立自主,不会为了美国“叫板”中国。安瓦尔当天在记者会上就此作进一步说明说,他指出西方国家存在“恐华症”,是因为马来西亚因重视对华关系而受到西方批评。中国是马来西亚主要的投资国和贸易伙伴。马来西亚是一个完全独立的国家,不希望被任何势力主宰。(完)