Connect with us

North America

သဘောထားကွဲပြားနေသော အမေရိကန် လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီဝင် နန်စီ ပီလိုစီက အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်လာ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသော နန်စီ ပီလိုစီ (လယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်လွှတ်တော်အမတ် နန်စီ ပီလိုစီ (Nancy Pelosi) အား ဇန်နဝါရီလ ၃ ရက် အစောပိုင်းက သဘောထားကွဲပြားနေသော ကွန်ဂရက်လွှတ်တော် ကျင်းပအပြီး ယင်းနေ့တွင်ပင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ကြောင်း သိရသည်။

အသက် ၇၈ နှစ်ရှိပြီဖြစ်သော ပီလိုစီသည် အဆိုပါ ရာထူးအတွက် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သလို ပြန်လည်ရွေးကောက်ခံရသည့် အနည်းငယ်သော အရာရှိများအနက် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည်။ ၎င်းသည် အောက်လွှတ်တော်၌ ဒီမိုကရက်များ ထိန်းချုပ်ထားခဲ့ချိန် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

၎င်း၏ ဒုတိယအကြိမ်မြောက် လွှတ်တော် ဥက္ကဋ္ဌတာဝန်အတွက် ပီလိုစီသည် ရီပက်ဘလစ်ကန်အမတ် ကီဗင် မက်ကာသီ (Kevin McCarthy) နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဆန္ဒမဲ ၂၂၀ ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117