Connect with us

North America

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် အတွင်းရှိ အထက်တန်းကျောင်း တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား အနည်းဆုံး ၈ ဦး သေဆုံး

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် Santa Fe မြို့ရှိ အထက်တန်းကျောင်း တစ်ခု တွင် မေလ ၁၈ ရက်နေ့ ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တက္ကဆက် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် Santa Fe မြို့ရှိ အထက်တန်းကျောင်း တစ်ခု တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ သေနတ်ပစ်ခတ်သူ နှင့် သံသယ ရှိသူ တစ်ဦး ကို ဖမ်းဆီး နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ဝင် ၏ ပြောကြားချက်အရ အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၈ ဦး မှ ၁၀ ဦး အထိ သေဆုံးခဲ့ရပြီး သေဆုံးသူ အများစု မှာ ကျောင်းသား များဖြစ်ကြကြောင်း ၊ သေနတ် ပစ်ခတ်မှုကြောင့် လူအများ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ အနေဖြင့် သေနတ်ပစ်ခတ်သူ နှင့် သံသယ ရှိသူ တစ်ဦး ကို ဖမ်းဆီးလိုက်ပြီး ၎င်းတို့ နှစ်ဦးမှာ ကျောင်းသား များဖြစ်ကြကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက် ကျောင်းပတ်ဝန်းကျင် တစ်ဝိုက်အား ရှာဖွေစစ်ဆေးမှု ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲ စေနိုင်သည့် ပစ္စည်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု များကိုလည်း ရဲတပ်ဖွဲ့ က သတိပေးမှုများ ဆောင်ရွက်ခဲ့ပြီး သံသယ ရှိသည့် ပစ္စည်းများ တွေ့ရှိပါက အကြောင်းကြားရန် ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် တွင် အထက်တန်းကျောင်း သို့ ရဲကား နှင့် လူနာတင်ယာဉ် အများအပြားရောက်ရှိလာ ခဲ့ပြီး ဝေဟင်တွင်လည်း ရဟတ်ယာဉ် ဖြင့် ကင်းလှည့်မှုများ ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.