Connect with us

North America

ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာသည့် ဒုံးကျည်များအား ကြားဖြတ်တားဆီးနိုင်သည့် ဒုံးခွင်းဒုံး စနစ်အား အမေရိကန် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

အမေရိကန်နိုင်ငံက ၂၀၁၀ခုနှစ်တွင် ပစ်လွှတ်စမ်းသပ်ခဲ့သည့် ဒုံးခွင်းဒုံး တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အန်ဂျလိစ်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) အား ကြားဖြတ်တားဆီးနိုင်ရန် ရည်ရွယ်သည့်စမ်းသပ်မှုတစ်ခု အဖြစ် မေလ ၃၀ ရက်နေ့လည်ပိုင်းတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒုံးကျည်တစ်စင်းကိုပစ်လွှတ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

စမ်းသပ်မှုတွင် အမေရိကန်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အီကွေတာ နှင့် နီးကပ်သော မာရှယ်ကျွန်းမှ ထိပ်ဖူးအတုတပ်ဆင်ထားသော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပထမဆုံး ပစ်လွှတ်ခဲ့ပြီးနောက် လော့စ်အန်ဂျလိစ် အနောက်မြောက်ပိုင်း ၂၅၀ကီလိုမီတာ အကွာ ကယ်လီဖိုးနီးယားပြည်နယ် ရှိ ဗန်ဒန်ဘာ့ လေတပ်အခြေစိုက်စခန်း မှနေ၍ ဒုံးခွင်းဒုံး တစ်စင်းကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ၂၀၁၄ခုနှစ် ဇွန်လတွင် ဒုံးခွင်းဒုံးစမ်းသပ်မှုကို နောက်ဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခု စမ်းသပ်မှုသည် မြောက်ကိုရီးယားနိုင်ငံ ၏ မည်သည့် တိုက်ချင်းပစ်ဒုံးကျည်မျိုးကို မဆို ကြားဖြတ်တားဆီးနိုင်ရန် လွန်ခဲ့သည့် နှစ်ကတည်းက အစီအစဉ်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုံးကျည်ကာကွယ်ရေး အေဂျင်စီ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး James Syring က ယင်းစမ်းသပ်မှုသည် အကွာအဝေးအများဆုံး ကြားဖြတ်တားဆီးမှု စမ်းသပ်ခြင်းကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဋ္ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Jeff Davis က အမေရိကန်စစ်တပ်သည် ဒုံးခွင်းဒုံးစနစ်အား အဆင့်မြှင့်သွားနိုင်ပြီး စမ်းသပ်မှု တစ်ခုချင်းမှ သင်ခန်းစာများကိုလည်း လေ့လာအသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မေလ ၃၀ ရက်တွင် စမ်းသပ်မည့် စနစ်သည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စနစ်တစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပစ်လွှတ်ပျံသန်းခြင်းဖြစ်ကြောင်း၊ ယင်းစနစ် ပိုမို တိုးတက်ကောင်းမွန်လာစေရန် နှင့် ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန် ရရှိလာသည့် ရလဒ်များကို နားလည်အောင် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုံးကျည်စမ်းသပ်မှု မပြုလုပ်ခင် ABC သတင်းဋ္ဌာနအား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.