Connect with us

North America

ကိုရီးယားကျွန်းဆွယ်နျူကလီးယားအရေးတွင် စစ်ရေးနည်းဖြင့် အရေးယူမှုသည် “ ဦးစားပေးရွေးချယ်ခြင်း” အစီအစဉ်မဟုတ်ကြောင်း အမေရိကန်ပြော

မြောက်ကိုရီးယားနိုင်ငံ စစ်တပ်၏ စစ်ရေးပြမှုမြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးတွင် စစ်ရေးနည်းဖြင့် အရေးယူမှုသည် အမေရိကန်အစိုးရအတွက်“ ဦးစားပေးရွေးချယ်ခြင်း” အစီအစဉ်မဟုတ်ကြောင်း စက်တင်ဘာလ ၆ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ဒါကိုတာရှိ Bismarck ၌ပြုလုပ်သော အခွန်ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ အခမ်းအနားသို့သွားရာလမ်းခရီးတွင် ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးနည်းဖြင့် အရေးယူခြင်းသည် “ ပထမဦးစားပေး ရွေးချယ်မှု အစီအစဉ် မဟုတ်ကြောင်း ၊ သို့သော်လည်း ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း” သတင်းသမားများအား ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်(ICBM) တွင် တပ်ဆင်ပစ်လွှတ်နိုင်သည့် ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စက်တင်ဘာလ ၂ ရက်တွင် စမ်းသပ်ဖောက်ခွဲ ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှု နှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်လျက် ရှိကြောင်းသိရသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Liu Jieyi က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုကို စက်တင်ဘာလ ၃ ရက်တွင် ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအား ဆွေးနွေးပွဲစကားဝိုင်းသို့ပြန်လာရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်၌ စစ်မက်ဖြစ်ပွားမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.