Connect with us

North America

မက္ကဆီကို တောင်ပိုင်းတွင် အင်အား ၈.၂ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းပြင်ပ Chiapas ပြည်နယ်တွင် စက်တင်ဘာလ ၈ ရက် ပေကျင်း စံတော်ချိန် နေ့လယ် ၁၂း၄၉ နာရီ အချိန်တွင် အင်အား ၈.၂ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၁၅.၁၃ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၉၃.၇၈ ဒီဂရီအကြား ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက် စင်တာမှ ကနဦး ရရှိသည့် သတင်း အရ သိရသည်။

ထို အင်အားပြင်း ငလျင်ဒဏ်အား မြို့တော် မက္ကဆီကို စီးတီးတွင်လည်း ခံစားခဲ့ရပြီး ဒေသခံများမှာ အဆောက်အအုံများနှင့် လမ်းမများပေါ်သို့ ပြေးထွက်လာခဲ့ကြောင်း၊ ငလျင်မှာ စက္ကန့် ၂၀ ခန့် လှုပ်ခတ်နေခဲ့ကြောင်းနှင့် ပြတင်းပေါက်များနှင့် ခုတင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)