Connect with us

North America

ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲက အာဖဂန်သို့ နောက်ထပ်အမေရိကန်တပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်ရန် အမိန့်ပေး

အာဖဂန်နစ္စတန်နိုင်ငံတွင် လှုပ်ရှားနေသော အာဖဂန်တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်းမက်တစ်က အာဖဂန်နစ္စတန်နိုင်ငံသို့နောက်ထပ်အမေရိကန်တပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်မည့် အမိန့်စာကို သြဂုတ်လ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

မက်တစ်က ပင်တဂွန်စစ်ဌာနချုပ်၌ သတင်းသမားများအား ပြောကြားရာတွင် ၎င်းအနေဖြင့် လာမည့် ရက်သတ္တပတ်တွင် ကွန်ဂရက်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း နှင့် ယင်းမတိုင်မီ မည်သည့်အကြောင်းအရာကိုမျှ အသေးစိတ်ထုတ်ဖော်ပြောဆိုရန် မရှိကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အာဖဂန်စစ်မြေပြင်တွင် ပိုမိုထိရောက်စွာ စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ရန်အတွက် အကြံပေးများ နှင့် ထောက်ပံ့ပေးသူများအပါဝင် နောက်ထပ်တပ်ဖွဲ့ဝင်များကို စေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

အမေရိကန်သတင်းဌာနများကမူ နောက်ထပ် တပ်ဖွဲ့ဝင် ၄,ဝဝဝ ကျော်ကို အာဖဂန်နစ္စတန်နိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခြင်းမှာ အာဖဂနစ္စတန်နိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်များအား သမ္မတဒေါ်နယ်ထရမ့်က သြဂုတ်လ ၂၈ ရက်တွင် ချမှတ်ခဲ့ပြီးနောက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို လျင်မြန်စွာရုပ်သိမ်းသွားရန်မှာ လက်ခံနိုင်စရာမရှိကြောင်း နှင့် အခြေအနေများပေါ်မူတည်၍ အချိန်ဇယားအခြေခံမူဖြင့် တပ်ဖွဲ့ဝင်ရုပ်သိမ်းမှုကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Dana White က လက်ရှိတွင် အာဖဂန်၌ အမေရိကန်တပ်ဖွဲ့ဝင် ၁၁,ဝဝဝ ရှိကြောင်း နှင့် ယခင်က အသိအမှတ်ပြုထားသည့် တပ်ဖွဲ့ဝင် ၈,၄ဝဝ ထားရှိရေးထက် ပို၍ များပြားနေကြောင်း သြဂုတ်လ ၃ဝ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.