Connect with us

North America

ကောလိပ်မှ ဘွဲ့ရခဲ့သည့် ၉၄နှစ်အရွယ် အမေရိကန်အဘွားအို မာစတာဘွဲ့ ရယူရန် စိတ်အားထက်သန်နေ

ကောလိပ်မှ ဘွဲ့ရခဲ့သည့် ၉၄နှစ်အရွယ် အမေရိကန်အဘွားအို Amy Craton အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသား အသက် ၉၄နှစ်အရွယ် အဖွားအိုတစ်ဦး သည် ကောလိပ်တစ်ခုမှ ရမှတ်ကောင်းများ ဖြင့် ဘွဲ့ရလာပြီးနောက် မာစတာဘွဲ့ထပ်မံရယူရန် စိတ်အားသန်နေကြောင်း သိရသည်။

ဟာဝိုင်ရီပြည်နယ် မှ Amy Craton အမည်ရှိ အဖွားအိုသည် တောင်ပိုင်းနယူးဟမ့်ရှိုင်းယားတက္ကသိုလ်မှ ဖွင့်လှစ်သည့် ၂နှစ်ခွဲကြာတက်ရောက်ရသော အွန်လိုင်းသင်တန်းများအား တက်ရောက်ပြီးနောက် အရေးအသားဆန်းသစ်မှု နှင့် အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကြောင်း သိရသည်။

Craton သည် လွန်ခဲ့သော ၅၄နှစ်က ကောလိပ်သို့ရောက်ရှိခဲ့သော်လည်း ကလေး၄ဦး ကြောင့် ပညာရေး ရပ်တန့်ခဲ့ရကြောင်း သိရသည်။ ယခုအခါ ဘေးတစ်ယောက်ဖြစ်နေပြီး ဘီးတပ်ထိုင်ခုံဖြင့်သာ သွားလာနေရသော Craton သည် အွန်လိုင်းဘွဲ့ရယူရန် လျှောက်ထားခဲ့ရာမှ ကျောင်းသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

Craton က ဘဝကို အပြည့်အဝဆုံး ဖြစ်အောင် ကြိုးစားနေထိုင်နေကြောင်း၊ ရမှတ်ကောင်းများ ရရှိခဲ့သည့်အတွက် ဝမ်းသာရပါကြောင်း တက္ကသိုလ်က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်၌ပြောကြားခဲ့သည်။

လက်ရှိတွင် မာစတာဘွဲ့ရယူရန် ကြိုးစားနေသည့် Craton က ၎င်း၏ အချိန်အများစုကို ကဗျာများ ရေးသားခြင်းဖြင့် ကုန်ဆုံးချင်ကြောင်း၊ ကလေးဖတ်စာအုပ် ရေးသားသူတစ်ဦး ဖြစ်လာရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းက လမ်းတစ်ဝက်သို့ရောက်ရှိနေသည်ဟုသာ ခံစားရပြီး သင်ယူစရာများစွာ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

တက္ကသိုလ်ဥက္ကဋ္ဌ Paul LeBlanc က Amy သည် ရာသက်ပန်သင်ယူသူတစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ကြိုးစားမှုကို ကြည့်ရှု၍ နောင်လာနောက်သားများအနေဖြင့် တစ်စုံတစ်ရာကို စတင်သင်ယူရန် နှင့် အိမ်မက်များကို အကောင်အထည်ဖော်ရန် နောက်မကျသေးကြောင်း အသိတရားရရှိရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.