Connect with us

North America

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့ ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ အားတွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့သည် ဇန်နဝါရီလ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး Sean Spicer က ဇန်နဝါရီလ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တွင် ပထမဆုံးတွေ့ဆုံဆွေးနွေးသည့် နိုင်ငံရပ်ခြား ခေါင်းဆောင်တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ ( အီးယူ) မှ နှုတ်ထွက်ရန် စီစဉ်ခဲ့ပြီးနောက်တွင် အမေရိကန် – ဗြိတိန် မဟာမိတ် နှစ်နိုင်ငံအကြား နှစ်ဘက်ကုန်သွယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဘက်ခေါင်းဆောင်တို့က ဆွေးနွေးသွားဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာခြင်းသည် ကြီးမားသော အလှည့်အပြောင်းတစ်ရပ်ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း ရာထူးလက်ခံပြီး ရက်သတ္တပတ် အနည်းအငယ်အတွင်း နှစ်ဖက်ကုန်သွယ်ရေး လျင်မြန်ဖြစ်ထွန်းစေရေး နှင့် မျှတစေရေးအတွက် လုပ်ဆောင်သွားရန် ဗြိတိန်နိုင်ငံအား တောင်းဆိုထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလ ၃၁ ရက်တွင် မက္ကဆီကိုနိုင်ငံဝန်ကြီးချုပ် Enrique Pena Nieto နှင့်လည်း တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း Spicer က ဇန်နဝါရီလ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို တားဆီးရန်ရည်ရွယ်ပြီး အမေရိကန် နှင့် မက္ကဆီကို နှစ်နိုင်ငံအကြား တံတိုင်းကာရံသွားရန် ဆန္ဒရှိနေသည်။ ထို့ပြင် ထရမ့်သည် မက္ကဆီနိုင်ငံ၌ သွားရောက်လုပ်ကိုင်နေသော အမေရိကန်ကုမ္ပဏီများအား အခွန်နှုန်းတိုးမြှင့် ကောက်ခံသွားရန်လည်း ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.