Connect with us

North America

အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း တွင် လေဆင်နှာမောင်း တိုက်ခတ်ခံရသဖြင့် ၁၆ ဦးသေဆုံး


ဝါရှင်တန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၄ခု တွင် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၂ ရက်အတွင်း ပြင်းထန်သည့် လေဆင်နှာမောင်း နှင့် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၁၆ ဦးသေဆုံးခဲ့ကာ မြို့အတွင်းရှိ နေအိမ်များ ဆိုးရွားစွာ ပျက်ဆီး ခဲ့ကြောင်း သိရသည်။

အမေရိကန် မီဒီယာ များ၏ ဖော်ပြချက်အရ သဘာဝဘေးကျရောက်ခဲ့သည့် ပြည်နယ် ၄ ခု မှာ မစ္စစ္စပီ ၊ အဲလ်ဘားမား ၊ ဖလော်ရီဒါ နှင့် ဂျော်ဂျီယာ ပြည်နယ်တို့ဖြစ်ကြပြီး ထိုအတွင်း မှ ဂျော်ဂျီယာ ပြည်နယ်သည် သဘာဝဘေးကို အဆိုးရွားဆုံး ခံခဲ့ရာ ၁၂ ဦးသေဆုံးခဲ့ကြောင်း ၊ ဂျော်ဂျီယာ ပြည်နယ် အုပ်ချုပ်ရေးမှူး Nathan Deal က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ယင်းပြည်နယ်အတွင်းရှိ ခရိုင် ၇ ခုကို အရေးပေါ် အခြေအနေ အဖြစ်ကြေညာခဲ့ကြောင်း ၊ Georgia ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ မှလည်း လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် လေဆင်နှာမောင်း တိုက်ခတ်ခံရပြီးနောက် မြင်တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် ဇွန်လ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အလွန် အန္တာရယ်များ သည့် လေဆင်နှာမောင်း သတိပေးချက်ကို အမေရိကန် နိုင်ငံ မိုးလေဝသ ဌာန မှ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး အမေရိကန် အရှေ့တော်ပိုင်းဒေသများတွင် ဆက်လက်၍ ရာသီဥတု ဆိုးရွား နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.