Connect with us

North America

ဖလော်ရီဒါပြည်နယ်တွင် ဗင်ကား တစ်စီးအတွင်း အသက် သုံးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးနေခြင်းကြောင့် နေ့ကလေးထိန်းကျောင်း ယာဉ်မောင်း တရားစွဲခံရ

Little Miracles Academy နေ့ကလေးထိန်းကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အရှေ့တောင်ပိုင်း၌ ရပ်နားထားသည့် ပူလောင်နေသော ဗင်ကား တစ်စီးအတွင်း အသက် သုံးနှစ်အရွယ် ယောကျ်ားလေး တစ်ဦး သေဆုံးနေသည့်ကို တွေ့ရှိပြီးနောက် နေ့ကလေးထိန်းကျောင်း ယာဉ်မောင်းအား တရားစွဲထားကြောင်း သြဂုတ်လ ၈ ရက်က ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သြဂုတ်လ ၂၂ ရက်တွင် အသက် လေးနှစ်ပြည့်မည့် Myles Hill ဟု အမည်ရသော အဆိုပါ ယောကျ်ားလေး ရုပ်အလောင်းအား အော်လန်ဒိုရှိ Little Miracles Academy နေ့ကလေးထိန်းကျောင်းတွင် ရပ်နားထားသော ဗင်ကား နောက်ခန်း ကြမ်းခင်းပေါ်၌ သြဂုတ်လ ၇ ရက် ညနေ ၆း၃၀ နာရီ ဝန်းကျင်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာ သတင်းများအရ သိရသည်။

ယင်း ကလေးငယ်မှာ ထိုနေ့ နံနက် ၉း၀၀ နာရီဝန်းကျင်ကတည်းက ကားအတွင်း ရှိနေသည်ဟု ရဲတပ်ဖွဲ့က ယူဆကြောင်းနှင့် တွေ့ရှိချက်အရ ၎င်း၏ သေဆုံးမှုမှာ အပူရှိန်ကြောင့် ဖြစ်နိုင်ကြောင်း အော်လန်ဒို ရဲချုပ် ဂျွန်မီနာက သြဂုတ်လ ၈ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သြဂုတ်လ ၇ ရက်က အော်လန်ဒိုတွင် အပူချိန် ၉၃ ဒီဂရီဖာရင်ဟိုက် (၃၄ ဒီဂရီစင်တီဂရိတ်) ခန့်ရှိပြီး အပူချိန် မြင့်မားခဲ့သည်ဟု ဆိုသည်။

တရားစွဲဆိုခံထားရသည့် ယာဉ်မောင်း အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ပြောကြားရာတွင် ကားငယ်များအား ပြန်ပို့ရာတွင် လူရေတွက်ခဲ့ခြင်း မရှိကြောင်း မီနာက ပြောသည်။

အဆိုပါ နေ့ကလေးထိန်းကျောင်းက ယင်းဗင်ကားကို အသုံးပြုပြီး ကလေးများအား အိမ်နှင့် နေ့ကလေးထိန်းကျောင်းသို့ ကြိုပို့ လုပ်ပေးနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.