Connect with us

North America

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးမှ နှုတ်ထွက်

တရုတ်နိုင်ငံ ဆိုင်ရာအမေရိကန်သံအမတ်ကြီး David Rank အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ် David Rank က တာဝန်မှ နှုတ်ထွက်လိုက်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ဇွန်လ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီမှုမှ အမေရိကန်နိုင်ငံ နှုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့ခြင်းအပေါ် တုံ့ပြန်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

“ Mr.Rank က သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူ လုပ်ခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် ဂုဏ်ပြုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံ သံရုံး နှင့် ကောင်စစ်ဝန်ရုံးတို့၏ တရားဝင် အင်တာနက်စာမျက်နှာ ပေါ်၌ ဖော်ပြချက်အရ Rank သည် ၁၉၉ဝ ပြည့်နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ၎င်းသည် ပါကစ္စတန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံများအတွက် အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် နှင့် အာဖဂန်နစ္စတန်ရေးရာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အတွင်း Rank သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးတွင် နိုင်ငံရေးသံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းအတွက် အဓိကလုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပါရီသဘောတူညီမှုမှ အမေရိကန်နိုင်ငံ နှုတ်ထွက်ရန် သမ္မတဒေါ်နယ်ထရမ့်သည် ဇွန်လ ၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမဲဆွယ်မှု ကတိကဝတ်အတိုင်း ပါရီသဘောတူညီမှုမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါလုပ်ဆောင်ချက်သည် မကြာမီကာလအတွင်း နိုင်ငံအတွင်းမှာရော နိုင်ငံခြားတိုင်းပြည်များအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့်အကျိုးသက်ရောက်မှု ဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.