Connect with us

North America

ရုရှားဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းပေါက်ကြားမှုဖြင့် အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ ကန်ထရိုက်တစ်ဦးကို အရေးယူ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ရှိ ရုရှားသံရုံး၌ လုံခြုံရေးစစ်ဆေးနေသည်ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တရားရေးဌာနက ထိပ်တန်းလျှို ့ဝှက်စာရွက်စာတမ်းတစ်ခုကို သတင်းမီဒီယာအား ပေးအပ်မှုဖြင့် အမျိုးသားလုံခြုံရေးအေဂျင်စီ( NSA) မှ ကန်ထရိုက်ဝန်ထမ်းတစ်ဦးကို ဇွန်လ ၅ ရက်တွင် တရားစွဲ အရေးယူလိုက်ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကန်ထရိုက်တာ Reality Winner သည် ပြီးခဲ့သော နှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ တွေ့ရှိရသော လျှို့ဝှက်စာရွက်စာတမ်းများကို သတင်းဌာနသို့ပေးပို့ခြင်း နှင့် ပုံနှိပ်ခြင်း စွပ်စွဲချက်များအတွက် ဇွန်လ ၃ ရက်တွင် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အဆိုပါ လျှို့ဝှက်ချက်များကို ဇွန်လ ၅ ရက် ညနေပိုင်းတွင် အများပြည်သူတို့အတွက် ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ၊ နောက်တစ်နာရီအကြာတွင် တရားစီရင်ရေးဌာနက Winner အား “ အချက်အလက်စုဆောင်းမှု ၊ လွှဲပြောင်းမှု သို့မဟုတ် သတင်းအချက်အလက်ကာကွယ်ရန် ပျက်ကွက်မှု” များဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

အကယ်၍ ပြစ်မှုထင်ရှားပါက Winner သည် ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရဖွယ်ရှိနေသည်။

၎င်းလျှို့ဝှက်စာရွက်စာတမ်းသည် အမေရိကန်ရွေးကောက်ပွဲ၌ ရုရှားထောက်လှမ်းရေးများက မဲပေးသည့် စက်ကိရိယာများ နှင့် ရွေးကောက်ပွဲကို ထိုးဖောက်ဝင်ရောက်ခဲ့သည့်ဆိုသည့် NSA မှ စုံစမ်းစုဆောင်းထားသော အချက်အလက်များကို ၂ဝ၁၇ ခုနှစ် မေ ၅ ရက် နေ့စွဲဖြင့် ဖော်ပြထားသော စာရွက်စာတမ်းများဖြစ်သည်။

“ အစီရင်ခံစာထဲမှာတော့ အရင်ကနားလည်ထားတာမျိုးထက် အမေရိကန်ရွေးကောက်ပွဲကို ရုရှားဟက်ကာတွေက ပိုပြီးထိုးဖောက်ဝင်ရောက်ခဲ့တာကို ညွှန်ပြထားပါတယ်” ဟု ၎င်း စာရွက်စာတမ်းကို သတင်းအဖြစ် ဖော်ပြခဲ့သည့် သတင်းဌာနက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.