Connect with us

North America

ထရမ့်၏လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်နေရာအနှံတွင် ဖြစ်ပွား


ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အမေရိကန်တစ်နိုင်ငံလုံးတွင် ဇွန် ၃၀ရက်က ဆန္ဒပြမှုပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ရာ ၎င်းဆန္ဒပြမှုများ မှာ ထရမ့်အစိုးရ၏ ယခုကာလများအတွင်းဖြစ်ပွားခဲ့သည့် မိသားစုဝင်များအား ခွဲခြားထိန်းသိမ်းခြင်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ကြောင်းသိရသည်။

မြို့တော်ဝါရှင်တန်၏အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်ခန့်ရှိသော်လည်း ဆန္ဒပြသူ ၃ သောင်းကျော်က လမ်းပေါ်တွင် ဆန္ဒပြနေဆဲဖြစ်သည်။ ဆန္ဒပြသူများက “ကလေးတွေကို လှောင်အိမ်ထဲမှာ မထားပါနဲ့” “နောက်ဆိုရင် ချွေးတပ်စခန်းလုပ်တော့မှာလား”စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဟစ်ကြွေးှ ဆန္ဒပြပြီး ထရမ့်အစိုးရအား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များကို ခွဲခြား ထိန်းသိမ်းခြင်းများပြုလုပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူများက အိမ်ဖြူတော် မြောက်ဘက်ရင်ပြင်တွင် စုစည်းပြီး Pennsylvania Avenueလမ်းမကြီးအတိုင်း အမေရိကန် ကွန်ဂရက်ရှိရာသို့ ချီတက်သွားကြသည်။

အမေရိကန် နေရာအနှံအပြားတွင် ဖြစ်ပွားသည့် ထရမ့်အစိုးရ၏လူဝင်မှုကြီးကြပ်ရေးမူဝါဒ ဆန့်ကျင်ဆန္ဒပြမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် ဂေါက်ကွင်းသို့ သွားရာလမ်းတွင်လည်း ထရမ့်သည် ဆန္ဒပြလူထုကြီးနှင့် တွေ့ဆုံခဲ့ရ ကြောင်း၊ ထို့ကြောင့် ၎င်း၏ယာဉ်တန်းသည် အပြန်လမ်းတွင် အခြားလမ်းကြောင်းမှ ရှောင်လွှဲ မောင်းနှင်ခဲ့ရကြောင်း သိရသည်။

နယူးယောက်တွင်လည်း သောင်းနှင့်ချီသော ပြည်သူများက ထရန့်၏လူဝင်မှုကြီးကြပ်ရေးမူဝါဒ ကို ဆန့်ကျင့်ဆန္ဒပြခဲ့ကြသည်။ ၁နှစ်ခွဲသားအရွယ်ရင်သွေးလေးကို ချီပြီး ဆန္ဒပြနေသူတစ်ဦးကို မေးမြန်း ရာတွင် ၎င်းက “အခု အမေရိကန်၏နိုင်ငံရေးက ရက်စက်မှုတွေ ၊ လူသားမဆန်တာတွေနဲ့ ပြည့်နှက် နေတယ်”ဟု ဒေါသတစ်ကြီးဖြင့် ဖြေကြားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုများမှာ ထရမ့်အစိုးရ၏ မိသားစုဝင်များအား ခွဲခြားထိန်းသိမ်းသည့် လူဝင်မှုကြီးကြပ် ရေး မူဝါဒ ကျင့်သုံးပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြစ်ပွားခဲ့သည် ပမာဏအကြီးဆုံး ဆန့်ကျင်ဆန္ဒပြမှုဖြစ်သည်။ နယူးယောက် ၊Los Angeles စသည့် မြို့ကြီးများမှစ၍ ကျေးလက် တောရွာမြို့လေး များအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမေရိကန်ကွန်ဂရက်မှ လွှတ်တော်အမတ်များ၊ နယ်ပယ်အသီးသီးမှ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများပါ ပါဝင်ပြီး ထရမ့်အစိုးရအပေါ် မကျေနပ် မှုများကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.