Connect with us

North America

နယူးယောက်မြို့၌ ၂ဝ၁၇ ခုနှစ်တွင် အိမ်ယာမဲ့ ၄ဝ ရာခိုင်နှုန်းခန့်ထိ ရှိလာ

နယူးယောက်မြို့ ရှိ အိမ်ယာမဲ့ တစ်ဦးအား ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်က တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ အိမ်ယာမဲ့ ဦးရေသည် ၂ဝ၁၇ ခုနှစ်တွင် ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း စစ်တမ်းကောက်ယူမှု အသစ်အရ သိရသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့်နယူးယောက်မြို့ရှိ လမ်းမများပေါ်တွင် နေထိုင်ကြသူများမှာ ယခုနှစ်တွင် ၃၈၉၂ ဦး ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ၊ ၎င်းပမာဏသည် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ အမြင့်ဆုံး အရေအတွက်ဖြစ်ကြောင်း နယူးယောက်မြို့တော် အိမ်ယာမဲ့ဝန်ဆောင်မှုများဌာန၏ ဇူလိုင်လ ၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က အိမ်ယာမဲ့များအတွက် နားခိုစရာများစွာ ဖန်တီး တည်ဆောက်ပေးနေစဉ်အတွင်းမှာပင် အိမ်ယာမဲ့ အရေအတွက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

စစ်တမ်းဖော်ပြချက်အရ ၂ဝဝ၅ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အတွင်း နယူးယောက်မြို့၌ လူလတ်တန်းစားအရေအတွက်သည် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.