Connect with us

North America

မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ဝန်ထမ်းဦးရေ ထောင်ချီလျှော့ချမည်

မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ရုံးချုပ် ရှိ လေ့လာသူများအတွက် အခန်းတစ်ခန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် ဆော့ဖ်ဝဲလ် ကုမ္ပဏီတစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း က ဇူလိုင် ၆ ရက် တွင် ဝန်ထမ်းများထံ အလုပ်လျှော့ချသည့် သတိပေးစာများ စတင်ပေးပို့ခဲ့ပြီး သတိပေးစာပေးပို့ခံရသူများအနက် အရေအတွက် ထောင်ချီသော ဝန်ထမ်းများမှာ အရောင်း နှင့် ဈေးကွက်ရှာဖွေရေးဋ္ဌာန မှ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

တစ်ကိုယ်ရည်သုံးကွန်ပြူတာများ (PC) အတွက် ဆော့ဖ်ဝဲလ်များထုတ်လုပ်သည့် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ၌် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်နေသည်ကို မီဒီယာများတွင် ဇူလိုင် ၃ ရက်ကတည်းက ဖော်ပြခဲ့သော်လည်း ဝါရှင်တန်ပြည်နယ် ရတ်ဒ်မွန်းမြို့ တွင် တည်ရှိသော မိုက်ခရိုဆော့ဖ် ရုံးချုပ်က မည့်သည့်အကြောင်းအရာကိုမျှ အတည်ပြုပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာအနှံ့ ၌ မိုက်ခရိုဆော့ဖ် ၏ ဝန်ထမ်းပေါင်း ၁၂၀,၀၀၀ ခန့် ရှိပြီး ၂၀၁၆ခုနှစ်ထက် ဝန်ထမ်းဦးရေ ၁၀,၀၀၀ နီးပါး တိုးလာကြောင်း သိရသည်။

သို့သော် မိုက်ခရိုဆော့ဖ်သည် ၎င်း၏ ဆော့ဖ်ဝဲလ် များအား ငွေကြေးတစ်ကြိမ်တစ်ခါပေးပြီး ရောင်းချသည့် ထုတ်ကုန်အဖြစ် မှ ၎င်း၏ ဆော့ဖ်ဝဲလ်စနစ်များအား PC အသုံးပြုသူများက Cloud ကွန်ပြူတာစနစ် တွင် အသုံးပြုနိုင်သည့် စနစ်သို့ ပြောင်းလဲရန် ကြိုးစားနေကြောင်း သိရသည်။

အချို့သော အတည်မပြုနိုင်သည့် သတင်းဖော်ပြချက်များအရ ကုမ္ပဏီ၏ ပြန်လည်ဖွဲ့စည်းမှုရလဒ်အဖြစ် ဝန်ထမ်းများ လျှော့ချသွားမည်ဖြစ်ပြီး အများစုသည် အမေရိကန်နိုင်ငံ ပြင်ပ ရှိ ဝန်ထမ်း ၅၀,၀၀၀ အတွင်းမှဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.