Connect with us

North America

နယ်စပ် တံတိုင်းကာရံမည့် အမေရိကန် ဆုံးဖြတ်ချက် မက္ကဆီကို သမ္မတ ငြင်းပယ်

မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံ နယ်စပ်တွင် တံတိုင်း ကာရံမည့် အမေရိကန်၏ ဆုံးဖြတ်ချက်အား ငြင်းပယ်ကြောင်း နှင့် မည်သည့် တံတိုင်းအတွက်မျှ အခကြေးငွေ ပေးဆောင်ရန် မရှိကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto က ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

“တံတိုင်းကာရံမဲ့ ကိစ္စ ဆက်လက် တည်ဆောက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ကို ဝမ်းနည်းစေသလို ဒါကိုလဲ လက်မခံနိုင်ပါဘူး၊ ဒီတံတိုင်းက ကျွန်တော်တို့ရဲ့ စည်းလုံးမှုကို ဝေးကွာစေသလို ကျွန်တော်တို့အကြား ကွဲကွာသွားစေနိုင်မယ်” ဟု မက္ကဆီကို သမ္မတက တွစ်တာ အကောင့်တွင် တင်ခဲ့သော ဗီဒီယို ကြေညာချက်၌ ပြောကြားထားသည်။

အမေရိကန်-မက္ကဆီကို နယ်စပ်အား တံတိုင်း ကာရံရန်အတွက် အမိန့် တစ်ခုကို သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ အစောပိုင်းက လက်မှတ်ရေးထိုးလိုက်ပြီးနောက် မက္ကဆီကို သမ္မတက ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“တံတိုင်းများ တည်ဆောက်မှု အပေါ် မက္ကဆီကိုက ယုံကြည်မှု မရှိဘူး၊ မည်သည့် တံတိုင်းအတွက်မျှ မက္ကဆီကိုက ပေးဆောင်မှာ မဟုတ်ဘူးလို့ ထပ်ခါထပ်ခါ ပြောလိုက်ပါတယ်” ဟု မက္ကဆီကို သမ္မတက ပြောသည်။

ဝါရှင်တန်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အမျိုးသား ညှိနှိုင်းဆွေးနွေးပွဲနှင့် လွှတ်တော် ကိုယ်စားလှယ်များ နှင့်အတူ ဆွေးနွေးပြီးနောက် ထွက်ရှိလာမည့် မက္ကဆီကို အရာရှိများထံမှ နောက်ဆုံး အစီရင်ခံစာအပေါ် အခြေခံကာ လာမည့် အဆင့်များအား ဆက်လက် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံအကြား တံတိုင်းကာရံမည့် ကိစ္စသည် ထရမ့်၏ မဲဆွယ် စည်းရုံးရေး၏ ကတိ တစ်ခု ဖြစ်ပြီး ယင်း အချက်ဖြင့် ဝင်ငွေနည်း မဲဆန္ဒရှင်များထံမှ မဲများအား သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

တံတိုင်း တည်ဆောက်မည့် ကုန်ကျစရိတ်အား မက္ကဆီကိုနိုင်ငံဘက်မှလည်း ပေးဆောင်ရန် ထရမ့်က ခံယူထားပြီး ကနဦး တည်ဆောက်စဉ်တွင် အမေရိကန် အစိုးရမှ ငွေကြေး စိုက်ထုတ်မည်ဟူ၍လည်း အရိပ်အမြွက် ပြောကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.