Connect with us

North America

မက္ကဆီကို တောင်ပိုင်းတွင် အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

မက္ကဆီကိုစီးတီးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများမှ အပြင် ပြေးထွက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတွင် စက်တင်ဘာလ ၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၈.၂ ရစ်ချ်တာစကေးရှိသော ငလျင်ကြောင့် အနည်းဆုံး သေဆုံးသူ ၉ ဦး ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

Chiapas ပြည်နယ်တွင် နေအိမ်များ ပြိုကျမှုကြောင့် သေဆုံးသူ ၇ ဦး Chiapas ပြည်နယ် ပြည်သူ့ ကာကွယ်ရေးဋ္ဌာန တာဝန်ရှိသူ Jose Garcia က ပြောသည်။

အခြား သေဆုံးသူ ၂ ဦးမှာ Tabasco ပြည်နယ်မှ ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့တော်တဝိုက် ငလျင်ကြောင့် အဆောက်အအုံများ အပျက်အစီး ရှိမရှိ လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မက္ကဆီကို သမ္မတ Enrique Pena Nieto က အမျိုးသား အရေးပေါ် တုန့်ပြန်ရေး စနစ် ဖော်ဆောင်ကာ စောင့်ကြည့်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဒေသဆိုင်ရာ အစိုးရများထံ ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

၁၉၈၅ ခုနှစ်က မက္ကဆီကိုစီးတီးတွင် လူထောင်ပေါင်းများစွာ သေဆုံးကာ မြို့တော်အတွင်း နေရာများစွာ ပျက်စီးခဲ့သည့် အင်အား ၈.၀ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ယခု ငလျင်သည် အပြင်းထန်ဆုံး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.