Connect with us

North America

အမေရိကန် ရဲအရာရှိ တစ်ဦး အား တရားခံဟောင်းတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့

သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမေရိကန် ရဲအရာရှိ Miosotis Familia (ယာ) နှင့် တရားခံဖြစ်သူ အလက်ဇန္ဒားဘွန်းစ် (ဝဲ) တို့အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြောက်ဘက်စွန်း ရှိ Bronx မြို့ တွင် ဇူလိုင် ၅ ရက် အစောပိုင်းက တာဝန်ကျ ရဲအရာရှိ အမျိုးသမီးတစ်ဦး သည် ကားအတွင်း၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။

နယူးယောက်ရဲဋ္ဌာန တွင် လုပ်သက် ၁၂နှစ် ရှိပြီဖြစ်သော အသက် ၄၈နှစ်အရွယ် Miosotis Familia အမည်ရှိ ရဲအရာရှိ သည် နံနက် ၀၀း၃၀နာရီ တွင် ကားက မော်ရစ်ရိပ်သာလမ်း နှင့် အရှေ့၁၈၃လမ်းထောင့် တွင် ရှိနေစဉ် သေနတ်သမား ပစ်ခတ်လိုက်သော ကျည်ဆန်သည် ခရီးသည်ဘက်ခြမ်းရှိ ပြတင်းပေါက်မှန်ကို ဖြတ်ပြီး ရဲအရာရှိ၏ ဦးခေါင်းသို့ ထိမှန်ခဲ့ကြောင်း သိရသည်။

သေနတ်သမား နှင့် တစ်ဘလောက်အကွာမှ အခြားရဲအရာရှိ ၂ဦးက ၎င်းအား သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တရားခံသည် အသက် ၃၄နှစ်အရွယ် အလက်ဇန္ဒားဘွန်းစ် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ၂၀၁၃ခုနှစ်တွင် ထောင်မှ မလွတ်လာခင် ဓါးပြတိုက်မှုဖြင့် ထောင် ၇နှစ် ကျခဲ့ကြောင်း သိရသည်။

ရဲမင်းကြီး James O’Neill က ယင်းပစ်ခတ်မှုသည် မြို့သူမြို့သားများ၏ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများအပေါ် တိုက်ရိုက်တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း နှင့် ၎င်းအား လုပ်ကြံသတ်ဖြတ်မှုတစ်ခုအဖြစ် ခေါ်ဆိုနိုင်ကြောင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၃နာရီအကြာတွင် Familia သေဆုံးကြောင်း ကြေညာခဲ့သည့် St. Barnabas ဆေးရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.