Connect with us

North America

တရုတ်ဘာသာစကားက အမေရိကန်မှာ ဒုတိယမြောက် လူသုံးအများဆုံး နိုင်ငံခြားဘာသာစကား ဖြစ်လာကြောင်း စစ်တမ်းကဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တရုတ်ဘာသာစကားသင်ယူနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်ဘာသာစကားသည် စပိန်ပြီးနောက် အမေရိကန်နိုင်ငံတွင် လူသုံးအများဆုံး နိုင်ငံခြား ဘာသာစကား ဖြစ်လာကြောင်း Delaware ကုမ္ပဏီ၏ အွန်လိုင်းသတင်းဖြစ်သော 24/7 Wall Str မှ ပြုလုပ်သည့် စစ်တမ်းအား ကိုးကား၍ CBS Los Angeles က ဇူလိုင်လ ၇ ရက်တွင် သတင်းတင်ပြထားသည်။

အဆိုပါ သုတေသနသည် ဒေသခံများ၏ မျိုးရိုးအလိုက် နေအိမ်တွင် အချင်းချင်း မကြာခဏ ပြောလေ့ရှိသော ဘာသာစကားကို အမေရိကန် သန်းခေါင်စာရင်း ဗျူရို (UCB’s)၏ အချက်အလက်များအရ စစ်တမ်း ကောက်ယူထားသော UCB ၏ ၂၀၁၅ ခုနှစ် အမေရိကန် စားသုံးသူများ စစ်တမ်းမှ အချက်အလက်များကို သုံးသပ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းအရ အမေရိကန်တွင် နေထိုင်သူ သန်း ၄၀ နီးပါးက နေအိမ်တွင် စပိန် ဘာသာစကား ပြောဆိုကြောင်း၊ ၂.၁ သန်းမှာ တရုတ်ဘာသာစကား ပြောဆိုကြောင်း သိရသည်။ တာ့ဂလော့ (Tagalog) ၊ ဗီယက်နမ်၊ ပြင်သစ်၊ အာရပ်၊ ကိုရီးယား စသည့် ဘာသာစကားများ ပြောဆိုမှုက နိုင်ငံတစ်ဝန်း တစ်သန်းကျော်စီ ရှိသည်ဟု ဆိုသည်။

ပြည်နယ်အလိုက် ကြည့်ပါက ပြည်နယ် ၅၀ တွင် အင်္ဂလိပ်၊ စပိန် ဘာသာစကားများ အသုံးများကြောင်း၊ ပြည်နယ် ၁၁ ခုတွင် ဂျာမန်ဘာသာစကား အသုံးပြု အများဆုံး ဖြစ်ကြောင်း၊ ပြည်နယ် ၇ ခုတွင်မူ ဗီယက်နမ် ဘာသာစကား အများဆုံး အသုံးပြုကြောင်း သိရသည်။

အာကန်ဆက်၊ မေရီလန်း၊ နယူးဂျာစီ၊ နယူးယောက်နှင့် ပန်ဆဲလ်ဗေးနီးယားပြည်နယ်များ၌ အင်္ဂလိပ်၊ စပိန် ဘာသာစကားများပြီးနောက် တရုတ် ဘာသာစကားမှာ အသုံးအများဆုံး ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင်မူ ဖိလစ်ပိုင် ဘုံဘာသာစကားဖြစ်သော တာ့ဂလော့ ဘာသာစကားကို အများဆုံး အသုံးပြုသလို တရုတ်၊ ဗီယက်နမ်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုလည်း အများဆုံး အသုံးပြုကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.