Connect with us

North America

မြောက်ကိုရီးယားမှ ပစ်ခတ်လိုက်သော ဒုံးကျည်သည် ဂျပန်ပေါ်မှ ဖြတ်ကျော်သွားကြောင်း အမေရိကန် အတည်ပြုပြောကြား

မြောက်ကိုရီးယားနိုင်ငံ က ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ဂျပန်နိုင်ငံအပေါ်မှ ဖြတ်သန်းသွားကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က သြဂုတ် ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပင်တဂွန်က မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်တစ်စင်းသည် ဂျပန်နိုင်ငံ အပေါ်မှ ဖြတ်သန်းသွားသည်ကို အတည်ပြုခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်ကို အကဲဖြတ်လေ့လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပင်တဂွန်က ယင်းဒုံးကျည်ပစ်ခတ်မှုသည် မြောက်အမေရိကတိုက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအစိုးရ က ယင်းဒုံးကျည်သည် ဂျပန်ကျွန်းစုများအပေါ်မှ ဖြတ်ကျော်သွားပုံရကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်အား မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်းကမ်းခြေမှ ဂျပန်စံတော်ချိန် ၅း၅၈နာရီ ဝန်းကျင်တွင် အရှေ့မြောက်ဦးတည်ချက်အတိုင်း ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း ရှိ အီရိမိုအငူ အပေါ်မှ ဂျပန်စံတော်ချိန် ၆း၀၆နာရီတွင် ဖြတ်ကျော်သွားကြောင်း ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒဲ့ ဆူဂါ ကပြောကြားခဲ့သည်။

ဆူဂါ က ယင်းဒုံးကျည်သည် ဂျပန်စံတော်ချိန် နံနက် ၆း၁၂နာရီတွင် အီရိမိုအငူ အရှေ့ဘက် ၁,၁၈၀ ကီလိုမီတာ အကွာခန့်ရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ထိုးဆင်းသွားပုံရကြောင်းပြောကြားခဲ့သည်။

၎င်းက ယင်းကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုသည် ဂျပန်နိုင်ငံ ၏လုံခြုံရေး အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ၎င်းအား ဂျပန်နိုင်ငံ က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.