Connect with us

North America

အမေရိကန် နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် သေနတ်ပစ်ခတ်မှု မှ လူနာ တစ်ဦး ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလစ် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် Clovis မြို့ရှိ စာကြည့်တိုက် တစ်ခုတွင် သြဂုတ်လ ၂၈ ရက်နေ့၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သေနတ် ပစ်ခတ်မှု သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွား ခဲ့ပြီး Clovis မြို့ အစိုးရ အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က သေနတ်ပစ်ခတ်သူ ကို ဖမ်းစီး နိုင်ခဲ့ပြီး ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ဒဏ်ရာရရှိသူ ၄ ဦး အား ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် သေနတ်ပစ်ခတ်သူ နှင့် ပတ်သက်သည့် အချက်အလက် များကို ဖော်ပြခြင်းမရှိသေးကြောင်း သိရှိခရသည်။

Clovis မြို့ သည် အမေရိကန် နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်ရှိ မြို့ငယ် တစ်ခု ဖြစ်ပြီး လူဦးရေ ၄ သောင်းခန့်ရှိကာ ဒေသတွင်း အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.