Connect with us

North America

ယခုနှစ်အတွင်း ချီကာဂို၌ လူသတ်မှုနှုန်းသည် ၁၉၉၅ ခုနှစ် မေလ တွင်ရောက်ရှိခဲ့သော စံချိန်နီးပါးအထိ အမြင့်ဆုံးရောက်ရှိ

အမေရိကန်အထူးရဲတပ်ဖွဲ့ဝင်များ လူသတ်မှုဖြစ်ပွားသော နေရာတစ်ခုတွင် လုံခြုံရေးယူနေစဉ်(ဆင်ဟွာ)

ချီကာဂို ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ၂ဝ၁၆ ခုနှစ် မေလအတွင်း လူသတ်မှုကြောင့် သေဆုံးသူပေါင်း ၆၆ ဦးထိရှိနေရာ ၎င်းအရေအတွက်သည် ၁၉၉၅ ခုနှစ်မှစတင်၍ ချီကာဂိုမြို့၌ လူအသေအပျောက်အများဆုံး မေလ အဖြစ် သို့ရောက်ရှိလာစေခဲ့သည်။ ၁၉၉၅ ခုနှစ် မေလတွင် ချီကာဂိုမြို့၌ လူသတ်မှုကြောင့် သေဆုံးသူ ၇၅ ဦးရှိခဲ့ကြောင်းသိရသည်။

၂ဝ၁၆ ခုနှစ် ပထမ ၅ လအတွင်း ချီကာဂိုမြို့တွင် လူသတ်မှုပေါင်း ၂၄၃ မှုရှိကြောင်း ၊ ၎င်းအရေအတွက်သည် ၁၉၉၉ ခုနှစ် ပထမ ၅ လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၂၄၈ မှု ဖြင့် အမြင့်ဆုံး စံချိန်တင်ဖြစ်ရပ်နောက်ပိုင်း အရေအတွက်အများဆုံး အနေအထားတစ်ရပ်ဖြစ်ကြောင်း ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သော ချီကာဂိုရဲဌာန၏မှတ်တမ်းတွင် ဖော်ပြထားသည်။
၂ဝ၁၆ ခုနှစ် တွင်ဖြစ်ပွားခဲ့သော လူသတ်မှုများသည် သေနတ်ဖြင့် ပစ်ခတ်သည့် အမှုပေါင်း ၅ဝ ရာခိုင်နှုန်း ကျော်ပါဝင်နေသည်။ မေလ တစ်လအတွင်း လူပေါင်း ၄ဝဝ နီးပါး သေနတ်ပစ်ခံခဲ့ရပြီး ၂ဝ၁၆ ခုနှစ် ပထမ ၅ လအတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၁၅ဝဝ အထိရှိခဲ့သည်။
အောင့်မေ့ဖွယ်နေ့တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် လူပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၆၃ ဦးဒဏ်ရာရခဲ့သည်။ ထို့ပြင် အမေများနေ့တွင်လည်း ပစ်ခတ်မှုကြောင့် လူပေါင်း ၈ ဦးသေဆုံးပြီး ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။ထို့ကြောင့် မေလသည် သေဆုံးမှုနှုန်းအမြင့်ဆုံး လတစ်လ ဖြစ်ကြောင်း Chicago Tribune သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ချီကာဂိုရဲတပ်ဖွဲ့မှရဲမှူး Eddie Johnson က လက်နက်ပဋိပက္ခများ နှင့် လက်နက်ကိုင်သူဦးရေ တစ်ဟုန်ထိုးတိုးတက်လာခြင်းက ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင်လူမှုကွန်ယက်စာမျက်နှာကလည်း ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုရှိနေကြောင်း ဆိုသည်။ “ လူမှုကွန်ယက်စာမျက်နှာကတဆင့် လူငယ်တွေကြား ပစ်ခတ်မှုကျူးလွန်ဖို့နဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ခိုက်ရန်ဖြစ်ဖို့စိန်ခေါ်နေကြတယ် ” ဟု ၎င်းကဆက်ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.