Connect with us

North America

လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်က ကယ်လီဖိုးနီးယား၌ ဆေးခြောက် ၄ဝ ဧက စိုက်ပျိုးမည်

ကမ္ဘာ့ လက်ဝှေ့ အကျော်အမောဟောင်း မိုက်တိုင်ဆန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ဆေးခြောက်ကို တရားဝင်စိုက်ပျိုးရောင်းချခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာ့လက်ဝှေ့အကျော်အမော်ဟောင်း မိုက်တိုင်ဆန်က ကယ်လီဖိုးနီးယားတောင်ပိုင်းတွင်၎င်း၏ ပထမဆုံး ဆေးခြောက်ပင်စိုက်ပျိုးရေးခြံကို ဖွင့်လှစ်ရန်ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ အနုပညာရှင် ၊ နာမည်ကျော်ပုဂ္ဂိုလ်များအကြောင်း နှင့် ဖျော်ဖြေတင်ဆက်မှု သတင်းများကို ရေးသားထုတ်ဝေသည့် The Blast သတင်းစာဖော်ပြချက်အရ လက်ဝှေ့ချန်ပီယံဟောင်းသည် ကယ်လီဖိုးနီးယားမြို့အတွင်း Death Valley အမျိုးသားဥယျာဉ်၏ အနောက်တောင်ဘက် ၉၆ ကီလိုမီတာအကွာ၌ တိုက်ဆန်စိုက်ပျိုးရေးခြံ(Tyson Ranch) ကို မြေဖော်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စိုက်ပျိုးရေးခြံသည် ၄ဝ ဧက ( ၁၆.၂ ဟက်တာကျော်) ကျယ်ဝန်းပြီး အရည်အသွေးမြင့်ဆေးခြောက်ပင်များကို စိုက်ပျိုးသွားရန် ရည်မှန်းထားကြောင်း ၊ ခြံဝင်း၏ ကျန်မြေနေရာများကို ထောက်ပံ့ရေးသိုလှောင်ရုံတစ်ခု ၊ အသုံးဆောင်ပစ္စည်းခန်း ၊ ဆေးခြောက်ထုတ်လုပ်ရေးစက်ရုံ ၊ စိုက်ပျိုးရေးသမားများအတွက် သင်တန်းကျောင်းတစ်ခု ၊ မိတ်ဆွေအပေါင်းအသင်းများ စုပေါင်းဆေးလိပ်သောက်သုံးရန် နေရာ နှင့် အလုပ်သမားနားနေဆောင်တစ်ခုတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်ဆန်သည် “ တိုင်ဆန်ကုထုံး” အစီအစဉ်အတွက် ခြံဝင်းစီမံခန့်ခွဲရေး နှင့် အသုံးအဆောင်များ စီမံခန့်ခွဲမှုအပိုင်းအတွက် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများစွာကို ပါဝင်စေခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးခြံဖွင့်ပွဲနေ့အတိအကျကို မသိရှိရသေးပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်ဆန်က ၎င်း၏ ဖေ့ဘွတ်ခ် နှင့် တွစ်တာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ၎င်းနောက်ဆုံးအသုံးပြုခဲ့သော ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ထိ တစ်လုံးတစ်ပါဒမျှ ရေးသားဖော်ပြခဲ့ခြင်း မရှိပေ။

ကယ်လီဖိုးနီးယားမြို့တော်ဝန် Jennifer Wood က မိုက်တိုင်ဆန်၏ ဆေးခြောက်ပင်စိုက်ပျိုးရေးခြံဝင်း မြေဖော်ခြင်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်ကို ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်သော ဓာတ်ပုံများအရ သိရသည်။

ကယ်လီဖိုးနီးယား၌ ဆေးခြောက်စိုက်ပျိုးခြင်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တရားဝင်စတင်ခွင့်ပြုခဲ့ပြီး ၊ ယင်းမှတဆင့် ကယ်လီဖိုးနီးယားကို အမေရိကန်နိုင်ငံ၏ အထင်ရှားဆုံးပြည်နယ်တစ်ခုဖြစ်လာရန် ရည်မှန်းထားကာ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရန် မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံ၌ ပြည်နယ်ပေါင်း ၂၉ ခုတွင်ဆေးဘက်ဝင်အဖြစ် ဆေးခြောက်အသုံးပြုခွင့် ဥပဒေများ ကို ပြဌာန်းအတည်ပြုထားပြီး ပြည်နယ် ၇ ခုတွင် ကုန်ကျစရိတ်အများဆုံးဖြင့် ဆေးခြောက်ကို တရားဝင် အပျော်တမ်းအသုံးပြုရန် ဥပဒေပြဌာန်း ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.