Connect with us

North America

အငြင်းပွားဖွယ်ရာ လူသေအလောင်းတင်ခဲ့သူအား YouTube တုံ့ပြန်

YouTube စတား တစ်ဦးဖြစ်သူ Logan Paul အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ဗီဒီယို မျှဝေရေးကွန်ရက်ဖြစ်သော YouTube သည် သီတင်းပတ်အတွင်း နာမည်ကျော် သရုပ်ဆောင်များအနက် တစ်ဦးဖြစ်သူက အငြင်းပွားဖွယ်ရာ ဂရပ်ဖစ် ဗီဒီယိုတစ်ခု တင်ခဲ့ခြင်းအပေါ် တုံ့ပြန်ပြောကြားလိုက်ကြောင်း သိရသည်။

YouTube စတား တစ်ဦးဖြစ်သူ Logan Paul က ဂျပန်နိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်စောသော သစ်တောအတွင်း အမျိုးသား တစ်ဦး သေကြောင်းကြံစည်နေသည်ကို ဝင်ရောက်ကြည့်ရှုသူ ၁၅ သန်းရှိသော YouTube ပေါ်တွင် တင်ခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၁၅ သန်းရှိခဲ့သည်။

အဆိုပါ ဗီဒီယို၌ Paul နှင့် သူငယ်ချင်းများသည် ဂျပန်နိုင်ငံတွင် မိမိကိုယ်ကို သေကြောင်းကြံစည်သူများ သွားရောက်လေ့ရှိသော Aokigahara သစ်တောအတွင်း လမ်းလျှောက်နေသည်ကို ပြသခဲ့သည်။

Aokigahara သစ်တောသည် ဂျပန်နိုင်ငံရှိ လူအများ ဘဝကိုအဆုံးစီရင်ရန် ရွေးချယ်လေ့ရှိသဖြင့် “အဆုံးစီရင်ရာ သစ်တော” ဟု မကြာခဏခေါ်ဆိုလေ့ရှိသည်။

Twitter တွင် ဖော်လိုဝါ (Follower) ၃.၉၂ သန်းရှိသော Paul အား အာရုံခံစားမှုနှင့် စက်ဆုပ်ရွံရှာဖွယ်ရာ ဗီဒီယို တင်လေ့ရှိသည့်အတွက် အခြား YouTube သုံးစွဲသူများက အကြီးအကျယ် ဝေဖန်ထားကြသည်။

နောက်ပိုင်းတွင် ၎င်းကိုယ်တိုင် ယင်း ဗီဒီယိုအား ၎င်း၏ ချန်နယ်မှ ပြန်ဖယ်ရှားခဲ့ပြီး ၎င်း၏ အပြုအမူအမှား အတွက် တွစ်တာပေါ်တွင် တောင်းပန်ခဲ့သည်။

သုံးစွဲသူများအကြား စိတ်နာကြည်းစရာ ကြုံတွေ့လာသဖြင့် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး Google ပိုင် YouTube က အကြမ်းဖက်မှုနှင့် အခြား မသင့်လျော်သော အကြောင်းအရာများအား တားမြစ်သော မူဝါဒကို ရှင်းလင်းထားသည့် ထုတ်ပြန်ချက် တစ်စောင် ဇန်နဝါရီလ ၂ ရက်တွင်က ထုတ်ပြန်ခဲ့သည်။

“စိတ်ခြောက်ခြားဖွယ်၊ သည်းထိတ်ရင်ဖိုဖြစ်ဖွယ် သို့မဟုတ် ရိုင်းပြဖွယ် အပြုအမူဖြင့် အကြမ်းဖက်မှု သို့မဟုတ် သွေးထွက်သံယို ဖြစ်ရပ်များ တင်ခြင်းကို YouTube ကတားမြစ်ထားပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် YouTube က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.