Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ် အမည်တပ်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတေလာဆန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်သမ္မတအိမ်ဖြူတော်၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးအစည်းအဝေးတစ်ခုတွင် ဒေါ်နယ်ထရမ့်က “ ကျွန်တော်တို့ဟာ သိပ်ကို အရေးကြီးတဲ့ ခြေလှမ်းတစ်ဆင့်ကို တက်လှမ်းရပါတော့မယ်။ အဲဒီခြေလှမ်းက အခုပဲ စတင်မှာပါ။ ဒီနေ့မှာ အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်မှု ထောက်ခံအားပေးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ ဒါက ဖြစ်သင့်တာကြာနေပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဖြစ်သင့်တာပါ ” ဟု ထရမ့်က ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအား “ ကမ္ဘာကြီးကို နျူကလီးယားအန္တရာယ်ခြိမ်းခြောက်နေတဲ့နိုင်ငံ နှင့် နိုင်ငံရပ်ခြားတွင် လူသတ်မှုကျူးလွန်နေခြင်းအပါအဝင် နိုင်ငံတကာအကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးနေတဲ့နိုင်ငံ” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိမ်ဖြူတော် အရာရှိများက မလေးရှားနိုင်ငံ နိုင်ငံတကာလေဆိပ်တွင် လူတစ်ဦးအား သတ်ဖြတ်ခဲ့သည့် လုပ်ရပ် နှင့် အမေရိကန်နိုင်ငံသား Otto Warmbier အား သတ်ဖြတ်မှုအတွက် မြောက်ကိုရီးယားနိုင်ငံအား ယခင်က ပြစ်တင်ပြောကြားခဲ့သည်။ အဆိုပါ စွပ်စွဲချက် နှစ်ခုစလုံးကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ထားသည်။

အမေရိကန်တက္ကသိုလ်ကျောင်းသား Warmbier သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ရာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရသည်။ ၎င်းအား ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြန်လွှတ်ပေးခဲ့ရာ အမေရိကန်နိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ၆ ရက်အကြာတွင် သေဆုံးခဲ့ရသည်။

“ အဲဒီအပြုအမူကို ဒီနေ့ကျနော်တို့ဆွေးနွေးကြတယ်။ Otto Warmbier ဟာ သိပ်ကို ထူးခြားတဲ့ လူငယ်လေးတစ်ဦးပါ” ဟု ထရမ့်က ပြောကြားခဲ့ပြီး ယင်းကိစ္စအပေါ် မြောက်ကိုရီးယားနိုင်ငံအား အပြစ်ပေးခြင်း နှင့် ဒဏ်ခတ်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအား “ ကြီးမားသော ”ဒဏ်ခတ်ပိတ်ဆို့မှု ကို ထပ်မံဆောင်ရွက်ရန် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသွားမည့်အကြောင်းကိုလည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

“ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတွေ နဲ့တရားဥပဒေမဲ့ နျူကလီးယား ထုတ်လုပ်နေတာကို အဆုံးသတ်ရပါမယ်။ နိုင်ငံတကာအကြမ်းဖက်မှုတွေအတွက် ထောက်ခံအားပေးမှုအားလုံးကိုလည်း အဆုံးသတ်ရပါမယ်”ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည်၂ဝဝ၈ ခုနှစ် အမေရိကန်နိုင်ငံသမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအမည်စာရင်းမှ ပယ်ဖျက်ခံခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.